ကူညီကယ်ဆယ်ထားတဲ့ အမေအရွယ်ကို ရေကန်အတွင်း တွန်းချပြီး ရွှေငွေများ ယူသွားတဲ့လင်မယား

သူတို့ကို ကူညီကယ်ဆယ်ထားတဲ့ အမေအရွယ်ကို ကျင်းဟောင်းရေကန်အတွင်း တွန်းချပြီး ရွှေငွေများ ယူသွားတဲ့လင်မယား မိပြီ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု ဟွေ့ဆိုင်းကျေးရွာတွင် အမျိုးသမီးကြီးတစ်ဦးအား ရေအိုင် ထဲတွန်းချပြီး ရွှေငွေများယူဆောင်သွားကြကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၁၇ ရက် မွန်း တည့် ၁၂ နာရီခွဲအချိန်က တာမခန်ကျေး ရွာ၏ အနောက်ဘက်(၁)မိုင်ခန့်အကွာ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု ဟွေ့ဆိုင်းကျေးရွာတွင် လူတစ်ဦး ရေနစ်သေဆုံးနေကြောင်း ဟွေ့ဆိုင်းကျေးရွာ ရပ်မိရပ်ဖ ဦးမောင်မောင်မြင့်မှ ဖုန်းဆက်အကြောင်းကြားချက်အရ တာမခန့်စခန်းမှူး ရဲအုပ် မြင့်သိန်းထွန်း ဦးစီးသော တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ မွန်းလွဲ ၁ နာရီခွဲအချိန်က သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်တဲအတွင်း သေဆုံးနေသူ ဒေါ်သိန်းခင်(၅၅)နှစ်သည် ဟောင်ပါးကျေးရွာအုပ်စု ဟွေ့ဆိုင်းချောင်းဘေးတွင် ဦးကျော်ဇံသည် တူဖြစ်သူ ကျော်သိန်းနှင့်အတူ ရွှေမျှောလုပ်ကိုင်ပြီးနောက် ဟွေ့ဆိုင်းကျေးရွာအနောက် ဘက် (၂)မိုင်ခန့်ရှိ နေအိမ်တဲသို့ပြန်လာခဲ့ကြစဉ် ဇနီးဖြစ်သူ ဒေါ်သိန်းခင်မှာ နေအိမ်တဲဘေးရှိ ကျင်းဟောင်းရေကန်အတွင်း ရေနစ်သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် တူဖြစ်သူနှင့်အတူ ဒေါ်သိန်းခင်အား ရေကန်အတွင်းမှ ဆယ်ယူခဲ့ကြပြီး နေအိမ်တွင် အလုပ်လုပ်ရန် ငှားရမ်းထားသော စောသိန်းမောင်(၃၉)၊ မင်းဇီးချောင်းကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရခိုင်ပြည်နယ်နေသူနှင့် ၄င်း၏ဇနီးဖြစ်သူ မမြသိန်း(ခ)ဌေးဌေးတို့ နှစ်ဦးအား မတွေ့ရှိသဖြင့် လိုက်ရှာခဲ့ပြီးနောက် သေဆုံးနေသူ ဇနီးဖြစ်သူအား စစ်ဆေးကြည့်ရှုခဲ့ရာ ဇနီးဖြစ်သူ ဒေါ်သိန်းခင်၏ ဝဲဘက်လက်တွင် ဝတ်ဆင်ထားသော ကျောက်စိမ်းစေ့ပါ ရွှေတစ်မတ်သားခန့်ရှိ ရွှေလက်စွပ် (၁)ကွင်း၊ နားတွင်ဝတ်ဆင်ထားသောကျောက်စိမ်းအဖြူပါ ရွှေတစ်မတ်သားခန့်ရှိ နားကပ်(၁)ရန်နှင့် နေအိမ်တဲအပေါ်တွင် တင်ထားသော ဖုန်းလုံးနှင့် နေအိမ်အိပ်ခန်းအတွင်းရှိ သံသေတ္တာအတွင်း သိမ်းဆည်းထားသော ငွေ(၃)သိန်းတို့မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရှိခဲ့ရသည်။

သို့ဖြစ်၍ ဇနီးဖြစ်သူ ဒေါ်သိန်းခင်အား ရေထဲတွန်းချ၍ ကျောက်စိမ်းစေ့ပါ ရွှေလက်စွပ်၊ ရွှေနာကပ်၊ ဖုန်း(၂)လုံး၊ ငွေကျပ် (၃)သိန်းတို့အား ယူဆောင်သွားသူ စောသိန်းမောင်နှင့် ဇနီးဖြစ်သူ မမြသိန်း(ခ)ဌေးဌေးတို့ နှစ်ဦးအား ဥပဒေအရအရေးယူပေးပါရန် ဦးကျော်ဇံ(၅၅)နှစ်မှ ဟောင်ပါးကျေး ရွာအုပ်စု၊ ဟွေ့ဆိုင်းကျေးရွာ၊ ဖားကန့်မြို့နယ်နေသူမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် တာမခန်ကျေးရွာနယ်မြေရဲစခန်းမှ (ပ)၁၂/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ ဖြင့် အမှုဖွင့်ပြီး အမှုစစ် တာမခန်စခန်းမှူး ရဲအုပ်မြင့်သိန်းထွန်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အမှုမှ တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး စုံစမ်းရှာဖွေဖော်ထုတ်နေစဉ် ပြစ်မှုကျူးလွန်သူ စောသိန်းမောင်(၃၆) နှစ်၊ မင်းဇီးချောင်းကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရခိုင်ပြည်နယ်နေသူနှင့် ဝေနု(ခ)ဌေး ဌေး(ခ)မမြသိန်း(၃၀)နှစ်၊ မြောက်ဦးမြို့နယ်၊ ရခိုင်ပြည်နယ်နေသူတို့ နှစ်ဦးအား ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ နန့်သားကျေးရွာ၊ စိမ်းရွှေလီစားသောက်ဆိုင်တွင် ရောက်ရှိတည်းခိုနေကြောင်း သတင်းအရ ကာပိုင်းနယ်မြေ ရဲစခန်းမှူး ရဲအုပ်သိန်းမြင့်နှင့်အဖွဲ့မှ သွား ရောက်ရှာဖွေရာ ၄င်းတို့နှစ်ဦးအား အသင့်တွေ့ရှိရပြီး ဖမ်းဆီးခေါ်ဆောင်လာကာ ကာမိုင်းနယ်မြေရဲစခန်း၏ အချုပ်ခန်းတွင် ခေတ္တချုပ်နှောင်ထားရှိခဲ့ကြောင်း သတင်းရရှိသည်။

မြတ်သူမင်း(ဖားကန့်)

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့