စားသောက်ဆိုင်အလုပ်သမ၏ (၂)နှစ်အရွယ်သမီးအား ဆိုင်ရှင်က အဓမ္မပြုကျင့်

ဇူလိုင် ၂၉ ရက်က လွယ်ဂျယ်မြို့၊ ရပ်ကွက်(၁)ရှိ စားသောက်ဆိုင်တွင် လာရောက် အလုပ်လုပ်ကိုင်သူ၏ အသက်(၂)နှစ်အရွယ်သမီးလေးအား ဆိုင်ရှင်အမျိုးသားက အဓမ္မ ပြုကျင့်မှုဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးအရေးယူထားကြောင်း လွယ်ဂျယ် နယ်မြေရဲစခန်းမှ သိရ၏။

၄င်းဖြစ်စဉ်မှာ ထိုနေ့ ည ၉ နာရီ ၅၀ မိနစ်အချိန်က လွယ်ဂျယ်မြို့၊ ရပ်ကွက် (၁)တွင် နေထိုင်လျက်ရှိသည့် မ×××(၃၆) နှစ်၊ ဗန်းမော်မြို့နယ်နေသည် ၂၀၁၉ ခုနှစ် ဇူလိုင်လပိုင်းခန့်မှစ၍ လွယ်ဂျယ်မြို့သို့ သမီးဖြစ်သူ မ×××(၂ နှစ် ၃ လ)နှင့်အတူ လာရောက်၍ ကျော်စွာ(၄၈)နှစ်၊ ရပ်ကွက် (၁)လွယ်ဂျယ်မြို့ရှိ နေရာဟောင်းစားသောက်ဆိုင်သို့ လာရောက်အလုပ်လုပ်၏။

ဇူလိုင် ၂၅ ရက် ညတွင် သမီးဖြစ်သူ မ×××အား ကိုကျော်စွာ၊ မပိုင်ပိုင်တို့နှင့် အတူ အိပ်စေခဲ့ကြောင်း၊ ထိုည ၁၂ နာရီ ခန့်တွင် သမီးဖြစ်သူမှာ အလန့်တကြား ငယ်သံပါအောင် ငိုယိုနေ၍ တရားလိုက သွားရောက်ကြည့်ရှုရာ ကိုကျော်စွာမှာ အပေါ်ထပ်အိပ်ခန်းမှဆင်းလာပြီး “နင့်သမီး အိပ်နေပြီ”ဟု ပြောဆိုခဲ့ကြောင်း၊ ငိုယိုနေသော သမီးရှိရာ အခန်းသို့တရားလိုက သွားရောက်ကြည့်ရှုရာ အိပ်ရာပေါ်တွင် သမီးတစ်ဦးတည်းသာ ငယ်သံပါအောင်ငိုယိုနေသည်ကို တွေ့ရှိရပြီး သမီးအားခေါ်၍ ချော့သိပ်ခဲ့ကြောင်း၊ နောက်တစ်နေ့ ဇူလိုင် ၂၆ ရက် နံနက် ၆ နာရီခန့်တွင် သမီးဖြစ်သူမှာ အိမ်သာတက်စဉ် “စပ်တယ်၊ မိန်းမကိုယ်နာတယ်”ဟုပြော၍ တရားလိုက ကြည့်ရှုရာ သမီးဖြစ်သူ၏ မိန်းကိုယ်တွင် နီရဲ၍ ပွန်းပဲ့နေသည့်အပြင် ဝဲနို့အုံတွင် ညိုမည်းဒဏ်ရာ၊ ယာရင်ညွန့်ညိုမည်းဒဏ်ရာ၊ ယာခြေသလုံးညိုမည်းဒဏ်ရာ၊ နောက်ကျောပွန်းပဲ့ဒဏ်ရာများ တွေ့ရှိရကြောင်း၊ တရားလိုအနေဖြင့် ရှက်၍ မည်သူ့ကိုမျှ မပြောဘဲ ဆိုင်ချင်းကပ်လျက်ရှိ ဂလက်စီ စားသောက်ဆိုင်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရာ ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းတွင် ကလေးမှာ ဒဏ်ရာကြောင့်ငိုနေ၍ ခင်မင်ရင်းနှီးသူများက ကလေးကိုဘယ်သူလုပ်တာလဲဟု မေးမြန်းရာ အခန်းချင်းကပ်လျက်နေ ဦးကျော်စွာက ပြုလုပ်ကြောင်း ပြောပြသိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မိခင်ဖြစ်သူက တရားလိုပြုလုပ်တိုင်တန်းသဖြင့် ကျော်စွာ (၄၈)နှစ်အား လွယ်ဂျယ်နယ်မြေရဲစခန်းမှ (ပ)၂၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

တော်တော်

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့