ဇနီးဖြစ်သူအား ဓားနဲ့ထိုးသတ်သူကို ရဲကဖမ်းစဉ် ပြန်လည်ခုခံလို့ သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့ရ

ဇူလိုင် ၁၄ ရက် နံနက် ၆ နာရီ အချိန်ခန့်တွင် တောင်ကုတ်မြို့နယ်၊ ဂျီဖြူ တောင်ကျေးရွာအုပ်စု၊ အောင်စည်သာကျေး ရွာနေ အသက်(၄၆)နှစ်အရွယ် အမျိုးသမီး တစ်ဦးကို ၎င်း၏ခင်ပွန်း အောင်သိန်းထွန်း (၄၇)နှစ်က ဓားဖြင့်ခုတ်သဖြင့် ဦးခေါင်းနောက်စေ့တွင် ပြတ်ရှဒဏ်ရာ (၁)ချက်ရရှိကာ သေဆုံးခဲ့သောကြောင့် အရေးယူပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဝင်းက သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။

ထိုတိုင်တန်းမှုကို မအီနယ်မြေရဲစ ခန်းမှ (ပ)၃၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ အောင်သိန်းထွန်းအား ဒုရဲအုပ်စောသိန်း နှင့်အဖွဲ့က သွားရောက်ဖမ်းဆီးခဲ့သည်။

ထိုသို့ဖမ်းဆီးစဉ် ပြစ်မှုကျူးလွန်သူ အောင်သိန်းထွန်းမှ ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များကို အရိုးအသွား နှစ်ပေကျော်ခန့်ရှိသော ဓားတစ်ချောင်းကိုင်ဆောင်လျက် ခုခံရန်ပြုမူခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်များက လက်နက်ချအသာတကြည်အဖမ်းခံရန် အကြိမ်ကြိမ် သတိပေးပြောဆိုခဲ့သည်။

ထိုသို့သတိပေးမှုအပေါ် လိုက်နာခြင်း မရှိဘဲ ကျေးရွာမှလာရောက်ကြည့်ရှုသူများ၊ သက်သေများနှင့် ရဲတပ်ဖွဲ့ဝင်များကို ဓား ဖြင့်လိုက်လံခုတ်သဖြင့် ရှောင်တိမ်းစဉ် တာလမ်းဘေးသို့လဲကျသွားသည့် ဒုရဲအုပ် စောသိန်းထံသို့ အောင်သိန်းထွန်းက ပြေးဝင်လာပြီး ဓားဖြင့်ခုတ်သဖြင့် ဒုရဲအုပ် စောသိန်းမှ ရှောင်တိမ်းပြီး ၎င်းကိုင်ဆောင်သည့် ပွိုင့် ၃၈ ဘို့ ခြောက်လုံးပြူးသေနတ်ဖြင့် တစ်ချက်ခြောက်လှန့် ပစ်ခတ်ခဲ့ရာ အောင် သိန်းထွန်း၏ ဝဲဘက်ရင်အုံအား ထိမှန်ဒဏ်ရာရရှိကာ လဲကျသွားခဲ့သည်။

ယင်းဖြစ်ရပ်ကို သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

#အောင်မင်းညို

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့