တချိန်က အိမ်နီးချင်းနေခဲ့သူက ဖုန်းဆက်ခေါ်ကာ ဓားဖြင့်ထိုးပြီး ဆိုင်ကယ်လုယက်ခဲ့သူနှစ်ဦးဖမ်းမိ

ဩဂုတ်လ ၂၅ ရက်က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၌ ယခင်က အိမ်နီးချင်းဖြစ်ခဲ့ဖူးသူ တစ်ဦးက ဖုန်းဆက်ခေါ်၍ ဆိုင်ကယ်ဖြင့် လာရောက်သူ လူငယ်တစ်ဦးကို ထိုးကြိတ်ပြီး ဓားဖြင့်ထိုးကာဆိုင်ကယ် လုယူမောင်းနှင်ထွက်ပြေးမှု ဖြစ်ပွားခဲ့ ကြောင်း မန္တလေးရဲတပ်ဖွဲ့ထံမှ သိရသည်။

ထိုဖြစ်စဉ်မှာ ဩဂုတ် ၂၅ ရက် ည ၈ နာရီခွဲတွင် ယင်းမြို့နယ်၊ မြို့သစ်(၄)ရပ်ကွက်နေ သန်းထိုက်အောင်ကို ယခင်က အိမ်နီးချင်းနေခဲ့ဖူးသူ အောင်ချမ်းမြေ့က ဖုန်းဆက်ခေါ်ပြီး ဖက်တီး(ခ)လင်းပြည့်စုံ သန့်နှင့်အတူ ဆိုင်ကယ်အား သုံးဦးစီး၍ (၇၄)လမ်း၊ မနော်ဟရီလမ်း တောင်ဘက် လူမနေသည့် အုတ်တံတိုင်းများ ကာရံထားသည့်နေရာသို့ ခေါ်ခဲ့၏။

၎င်းနေရာအရောက်တွင် သန်းထိုက်အောင်အား အောင်ချမ်းမြေ့နှင့် ဖက်တီးတို့က ထိုးကြိတ်ပြီး အောင်ချမ်းမြေ့က ဓားဦး ချွန်ဖြင့်ထိုး၍ ဆိုင်ကယ်အားလုယူမောင်းနှင် ထွက်ပြေးသွားသဖြင့် အမှတ်(၁၁)နယ် မြေရဲစခန်းသို့ တိုင်တန်းခဲ့သည်။

ရဲစခန်းက (ပ)၅၀၇/၂၀၁၉၊ ရာဇ သတ်ကြီးပုဒ်မ ၃၂၈ ဖြင့် အမှုဖွင့်ပြီး တရားခံများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေခဲ့ရာ အခင်းဖြစ်စဉ် လုယူသွား သည့်ဆိုင်ကယ်နှင့် ပုံသÌာန်တူသည့် ဆိုင်ကယ်အား ၆၇×၆၈ လမ်းကြားရှိ ဆိုင်ကယ်ပြင်ဆိုင်တွင် တွေ့ရှိသဖြင့် သွား ရောက်စုံစမ်းခဲ့ရာ အဆိုပါ ဆိုင်ကယ်အား မြို့သစ်(၅)ရပ်ကွက်နေ အောင်ချမ်းမြေ့နှင့် ဖက်တီး(ခ)လင်းပြည့်စုံသန့်တို့က လာရောက်အပ်နှံသွားကြောင်း သိရှိခဲ့ရသည်။

၎င်းတို့ကို လိုက်လံစုံစမ်းရှာဖွေဖမ်းဆီးခဲ့ရာ ဖက်တီး(ခ)လင်းပြည့်စုံသန့်ကို ၆၈×၆၉ လမ်းကြားရှိ တာယာဆိုင်ကယ်တွင် လည်းကောင်း၊ အောင်ချမ်းမြေ့ကို ၆၈ လမ်း၊ သိပ္ပံလမ်းနှင့် သဇင်လမ်းကြားတွင် လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့်စစ် ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တော်စံ

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့