မန္တလေးကဈေးတွေမှာ နှာခေါင်းစည်းမတပ်ရင် အရေးယူမည်

မန္တလေးမြို့မှာတော့ စည်ပင်သာယာရေးကော်မတီရဲ့လက်အောက်မှာ ဈေးပေါင်း ၄၀ ဆယ်ကျော်ရှိပါတယ်။

မန္တလေးမြို့က ဈေးတွေမှာ နှားခေါင်းစည်းတွေမပါရင် ဈေးထဲ ဝင်ရောက်ခွင့်မပြုဖို့ အမိန့် ထုတ်ပြန်လိုက်ပါတယ်။ မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က ဒီကနေ့ သူ့ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားပြီး မန္တလေးမြို့က ပြည်သူတွေကို အသိပေးလိုက်တာဖြစ်ပါတယ်။

ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် ဈေးပိတ်တဲ့အထိ အရေးယူသွားမယ်လို့ မြို့တော်ဝန် ဒေါက်တာ ရဲလွင်က ရေးသားထားပါတယ်။ ဈေးရောင်းချတဲ့သူတွေအားလုံး နှာခေါင်းစည်းမပါရင် ဈေးရောင်းချခွင့် ရပ်ဆိုင်းဖို့နဲ့ ဈေးဝယ်သူတွေ ဈေးထဲဝင်ရောက်ခွင့်မပြုဖို့ တို့ဖြစ်ပါတယ်။

မန္တလေးမြို့မှာဆိုရင် မြို့တော်စည်ပင်၊ တိုင်းစည်ပင်၊ ကလျာဏမိတ္တအဖွဲ့၊ ဝမ်းတွင်းမြို့တို့က စက်ချုပ်လုပ်ငန်းတို့ ပူးပေါင်းပြီး ပြန်လည်လျှော်ဖွတ် အသုံးပြုလို့ရတဲ့ နှာခေါင်းစည်းတွေကို စည်ပင်ဈေးတွေမှာ အခမဲ့ ဝေထားတယ်လို့လည်း ဖော်ပြထားပါတယ်။ ဈေးတွေထဲမှာ သုံးပေ ဒါမှမဟုတ် ခြောက်ပေ ခွာဖို့နဲ့ လက်ဆေးဖို့နေရာတွေလည်း ထားပေးတယ်လို့ ဆိုပါတယ်။ မန္တလေးမြို့မှာတော့ စည်ပင်သာယာရေးကော်မတီရဲ့လက်အောက်မှာ ဈေးပေါင်း ၄၀ ဆယ်ကျော်ရှိပါတယ်။

RFA Burmese

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့