မယုံလည်း ပုံပြင်မဟုတ်တဲ့ တကယ့်ဖြစ်ရပ်များ…

(၁) မယုံမရှိနဲ့ တကယ်ကို “ပိုကီမွန်ဂိုး”ဂိမ်း ကစားဖို့ စက်ဘီးမှာ ဖုန်း ၁၁ လုံး တပ် ဆင်ထားတဲ့ တိုင်ပေအမျိုးသားရှိနေ

တိုင်ပေအဘိုးအို ချန်ဆန်ယန်သည် ပိုကီမွန်ဂိုးဂိမ်းကစားရန် စက်ဘီးလက်ကိုင် တွင် ဖုန်း ၁၁ လုံး တပ်ဆင်ထားပြီး နောက်ထပ် ဖုန်းလေးလုံးထက်မနည်း တပ် ဆင်ရန် စီစဉ်ထားသည်။
အန်ကယ်ပိုကီမွန်ဟု ချစ်စနိုးခေါ်ဝေါ် သော ယင်းအမျိုးသားသည် ပိုကီမွန်ဂိုး ဂိမ်းကစားနည်းကို မြေးဖြစ်သူထံမှ သင်ယူ ခဲ့ပြီး ဖုန်းအားများမကုန်မီ နာရီ ၂၀ အထိ တစ်ထိုင်တည်း ကစားနိုင်သည်။
ချစ်ဆန်ယန်သည် ၎င်း၏ ဝါသနာ အတွက် လက်ရှိတွင် တစ်လလျှင် ကန် ဒေါ်လာ ၁၂၉၀ ကျော် အသုံးပြုနေသည်။
ချန်သည် ၎င်း၏ဖုန်းကို အားသွင်းရန် Power Bank များ အသုံးပြုပြီး မြို့တော် တိုင်ပေ၌ စက်ဘီးတစ်စီးဖြင့် ညဉ့်နက်သည် အထိ လျှောက်သွားကာ ပိုကီမွန်များ ဖမ်း ဆီးခဲ့သည်။


ပိုကီမွန်ဂိုး ဂိမ်းကစားရန် ဖုန်းကိုးလုံး ဖြင့် ကစားချိန်က တိုင်ပေ သတင်းချန်နယ် တစ်ခုဖြစ်သော EXP.GG က ၎င်းကို တွေ့ဆုံမေးမြန်းချိန်မတိုင်မီအထိ ချန်ကို လူအများက သတိထားမိခြင်း မရှိပေ။
လူမှုမီဒီယာ Reddit ၌ ချန်၏ ဓာတ်ပုံဖော်ပြချိန်တွင် ပိုကီမွန်ဂိုးဂိမ်းကစားသူများက ၎င်းကို ပထမဆုံး သတိထားမိခဲ့သည်။
ပိုကီမွန်ဂိုးဂိမ်းက ၎င်းအား မိတ်ဆွေများရရှိစေပြီး အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးကြောင်း ချန်ကပြောသည်။
၂၀၁၆ ဇူလိုင်က စတင်မိတ်ဆက်ခဲ့ သော ပိုကီမွန်ဂိုးဂိမ်းသည် ဖုန်းတစ်လုံးဖြင့် လမ်းလျှောက်ကာ ဖုန်းမျက်နှာပြင်ထဲပေါ် လာသော ပိုကီမွန်ဂိုး ဂိမ်းအကောင်လေး များကို လိုက်လံဖမ်းဆီးရသည့် ဂိမ်းဖြစ်သည်။
သို့သော် ပိုကီမွန်ဂိမ်းသည် အာရုံပျံ့ လွင့်မှုမှတစ်ဆင့် သေဆုံး(သို့မဟုတ်)ဒဏ် ရာရရှိနိုင်ခြေများသည်ဆိုသော ထင်မြင်မှန်း ဆချက်များနှင့်အတူ ဝေဖန်ခံနေရသည်။


(၂) ဗိုက်ပေါ်တွင် ဖရဲသီး ၂၆ လုံးကို တစ်မိနစ် အတွင်း တရားမှတ်ပြီး ဓားဖြင့်ခွဲကာ ကမ္ဘာ့ စံချိန်တင်

ဗိုက်ကိုစားပွဲလိုပြုပြီး တစ်မိနစ်အ တွင်း ဖရဲသီး ၂၆ လုံးကို ဝမ်းဗိုက်ပေါ်တင် ပြီး ဓားနဲ့စိတ်ပိုင်းကာ ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ တဲ့ အမျိုးသားကတော့ အာရှရီတာဖာမန်ဆို သူ ဗြိတိန်အမျိုးသားဖြစ်၏။ ၎င်းက ပက် လက်လှန်ကာ လှဲနေရပြီး ဝမ်းဗိုက်ပေါ်က ဖရဲသီးတွေကို ဓားနဲ့စိတ်ပိုင်းလှီးဖြတ်ပြခဲ့ရာ မှ တစ်မိနစ်အတွင်း ဖရဲသီး ၂၆ လုံးနဲ့ လက်စွမ်းပြကာ ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဓားနဲ့ခွဲရတာက အလွန်သတိ ကြီးကြီးထားရပြီး ကိုယ့်ဗိုက်ကိုယ်ပြန်မလှီး မိအောင် အသေအချာလေ့ကျင့်ထားခဲ့ပြီးမှ အခုလိုစံချိန်တင်နိုင်ခဲ့တာလို့ အာရှရီတာ ဖာမန်က ဆိုပါတယ်။

စိတ်အာရုံစုစည်းနိုင်ဖို့ ရာအတွက် စာအုပ်တွေ လေ့လာဖတ်ရှုကာ တရားရှုမှတ်တဲ့လေ့ကျင့်စဉ်တွေကိုပါ လေ့ ကျင့်ထားခဲ့ရတယ်လို့ အာရှရီတာက ဆိုပါ တယ်။ ဖရဲသီးတွေကို ဓားနဲ့စိတ်ပိုင်းရတာ လွယ်တယ်လို့ ထင်နေကြပေမဲ့ ဒီလိုအနေ အထားမျိုးနဲ့ ကိုယ်ကိုယ့်ကိုယ် မထိခိုက်မိ အောင် သတိပြုရင်း ဖရဲသီးတွေအများကြီး ကို တစ်မိနစ်အတွင်း စိတ်ပိုင်းရတာက တော မလွယ်ကူလွန်းလှပါဘူးလို့ အာရှရီ တာရဲ့ စံချိန်တင်ကြိုးပမ်းမှုကို ကူညီအား ဖြည့်ပေးခဲ့သူတစ်ဦးက ပြောကြားလိုက် ကြောင်း သတင်း၌ ပါလာ၏။


(၃) ပုံပြင်မဟုတ် တကယ်ကို မယုံချင်စရာ အိန္ဒိယဝန်ကြီးချုပ်၏ အိမ်တော်တွင် လျှပ် စစ်မီတာတပ်ဆင်ထားခြင်းမရှိဟုဆို

RTI  စစ်တမ်းကောက်ယူမှုတွင် အိန္ဒိ ယဝန်ကြီးချုပ်၏ အိမ်တော်ဖြစ်သော Lok Kalyan Marg အမှတ် ၇ တွင် လျှပ်စစ် မီတာတပ်ဆင်ထားခြင်း မရှိဟု ဖော်ပြပါရှိ ထား၏။


အိမ်တော်တွင် သီးခြားလျှပ်စစ်မီတာ တပ်ဆင်ထားခြင်းမရှိသလို လျှပ်စစ်သုံးစွဲ ထားသည့် မှတ်တမ်းလည်းမရှိသည့်အ တွက် RTI တက်ကြွလှုပ်ရှားသူများက လေ့လာစုံစမ်းမှုများ ဆက်လက်လုပ်ဆောင် လျက်ရှိသည်။ RTI က ဝန်ကြီးချုပ်အိမ်တော်၏ လစဉ်လျှပ်စစ်မီတာအသုံးစရိတ်ကို သိရှိရန်သာကမက မီတာခချွေတာရန် အတွက် ဝန်ကြီးချုပ်အိမ်တော်တွင် အသုံး ပြုနေသော LED မီးသီးများကို ပြောင်းလဲ အသုံးပြုရေး တင်ပြရန်အတွက် ဝန်ကြီး ချုပ်အိမ်တော်မီတာအသုံးစရိတ်ကို သွား ရောက်မေးမြန်းခဲ့ရာတွင် လျှပ်စစ်မီတာတပ် ဆင်ထားခြင်းမရှိကြောင်း အံ့အားသင့်စွာသိ ရှိခဲ့ရခြင်းဖြစ်သည်။
ဝန်ကြီးချုပ်မိုဒီက အစိုးရအဆောက် အအုံများတွင် မလိုအပ်ဘဲတပ်ဆင်ထား သည့် မီးများကို ပြောင်းလဲသွားရန်ဆိုခဲ့ပြီး နောက်တွင် RTI က ဝန်ကြီးချုပ်အိမ်တော် ၏ မီတာအသုံးစရိတ်ကို စိတ်ဝင်စားလာ ခြင်းလည်းဖြစ်သည်။ လွှတ်တော်၊ ဝန်ကြီး ချုပ်အိမ်တော်အပါအဝင် အစိုးရအိမ်တော် များ၏ ပြုပြင်ထိန်းသိမ်းမွမ်းမံရေးအတွက် တာဝန်ယူထားရသော CPWD က အိမ် တော်အတွက် သီးသန့်လျှပ်စစ်မီးတာတပ် ဆင်ထားခြင်းမရှိကြောင်း တုံ့ပြန်ခဲ့ပြီးနောက် တွင် RTI က အကြောင်းရင်းကို ဆက် လက်လေ့လာမှုများပြုလုပ်နေကြောင်း AP သတင်းအရ သိရ၏။


(၄) ဒီဟိုတယ်က သရဲခြောက်လွန်းသဖြင့် လာ တည်းတဲ့လူတွေကို တစ်ခုခုဖြစ်လျှင် ဟို တယ်က တာဝန်ယူစရာမလိုဟု လက်မှတ် ထိုးမှသာ တည်းခွင့်ရသတဲ့

ရှန်လီဟိုတယ်သည် အရှေ့ကမ်းရိုး တန်းတွင် သရဲအခြောက်ဆုံး ဟိုတယ်ဟူ၍ သတင်းကြီးလှသည်။ ထို့ကြောင့် တစ်ခုခု ဖြစ်လျှင် ဟိုတယ်က တာဝန်ယူစရာမလိုဟု လက်မှတ်ကြိုထိုးထားသူများသာ ယင်းတွင် တည်းခိုခွင့်ရသည်။ အမေရိကန်ပြည်ထောင် စု နယူးယောက်ပြည်နယ်ရှိ တိတ်ဆိတ်အေး ချမ်းလှသည့် နပါနိုချ်မြို့တွင် အဆိုပါ ဟိုတယ်တည်ရှိသည်။ တောင်တန်းကြီး အလယ်တွင် တည်ဆောက်ထားသည့် အထက်ပါဟိုတယ်တွင် အိပ်ခန်း ၃၅ ခန်း အပြင် မြေအောက်လျှို့ဝှက်အခန်းတစ်ခန်း လည်း ပါသေးသည်။ ယင်းဟိုတယ်တွင် ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်များသည် သဘာဝ လွန်ဖြစ်ရပ်များနှင့် ဆက်စပ်နေသည်ဟု အများက ယုံကြည်ကြသည်။ ဟိုတယ်ကို ၁၉၈၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး မူလ ပိုင်ရှင်၏ မွေးကင်းစကလေးသုံးဦး သေဆုံး သွားကာ ဆံပင်ညှပ်သမား၏ ကလေးသည် လည်း ရေတွင်းထဲ ပြုတ်ကျသေဆုံးသွားခဲ့ သည်။

ဟိုတယ်ရှိ ထောင့်တိုင်းတွင် သရဲ ခြောက်သည်ဟု တည်းခိုဖူးသူများက ဆို သည်။ အရက်မသောက်ရဟု တားမြစ်ခံရ သည့်ခေတ်က အရက်သောက်ခဲ့သည့်နေရာ ပြည့်တန်ဆာနှင့် မပျော်ပါးရဟု တားမြစ်ခံ ထားရသည့်ခေတ်က ပျော်ပါးခဲ့သည့် ဆောင်ကြာမြိုင်တို့မှ ပစ္စည်းများ ယင်းဟို တယ်တွင်ရှိပြီး အထက်ပါပစ္စည်းရှိသည့် နေရာသည် သရဲအခြောက်ဆုံးဖြစ်သည်။ မူလပိုင်ရှင်၏သားသမီးများ သေဆုံးသွား သည့်နောက်ပိုင်းတွင်လည်း ရင်နင့်ဖွယ်ရာ အဖြစ်များ၊ မတော်တဆ လူသေဆုံးသွားမှု များနှင့် လူသတ်မှုများ၊ လူပျောက်မှုများ ယင်းတွင် ဖြစ်ပွားခဲ့သေးသည်။ သရဲအ ခြောက်ဆုံးနေရာကို ရောက်သွားလျှင် အသက်ရှူမဝခြင်း၊ အလွန်ပျော်နေရာမှ ရုတ်တရက် အလွန်ဝမ်းနည်းသွားခြင်းတို့ ဖြစ်တတ်သည်ဟု ဧည့်သည်များကဆိုသည်။ ထို့ပြင် လေချွန်သံများ၊ ကလေးမရှိသော် လည်း ကလေးများ ရယ်မောသံကို ကြား ရခြင်း၊ အရာဝတ္ထုများ အလိုလိုရွေ့နေခြင်း မျိုးလည်း ကြုံရသည်ဟု သိရကြောင်း သတင်း၌ ဖော်ပြထား၏။


(၅) မယုံမရှိနဲ့ တကယ်တဲ့ Star Wars ရုပ်ရှင် ထဲမှာ ဟယ်ရီဆင်ဖို့ဒ်ဝတ်ခဲ့တဲ့ ဂျာကင်ကို လေလံဈေး ဒေါ်လာ တစ်သန်းထိရမယ်လို့ မျှော်မှန်း

Star Wars ရုပ်ရှင်ထဲမှာ ဟယ်ရီဆင်ဖို့ဒ် ဝတ်ဆင်ခဲ့တဲ့ ဂျာကင်အင်္ကျီကို လေလံ တင်သွားဖို့ရှိနေပြီး ဒေါ်လာ တစ်သန်းထိ ရရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက မျှော် မှန်းလျက်ရှိကြောင်း Contactmusic.com မှာ ဖော်ပြထားပါတယ်။
၁၉၈၀ ပြည့်နှစ်တုန်းက ထွက်ရှိခဲ့တဲ့ Wars:The Empire Strikes Back ရုပ် ရှင်မှာ အဓိကဇာတ်ကောင် ဟန်ဆိုလိုအဖြစ် ပါဝင်စဉ် ဟယ်ရီဆင်ဖို့ဒ် ဝတ်ဆင်ခဲ့တဲ့ အဆိုပါဂျာကင်ကို စက်တင်ဘာလထဲမှာ လန်ဒန်မြို့မှာ ကျင်းပမယ့် လေလံပွဲတစ်ခု မှာ လေလံတင်သွားဖို့ရှိနေတာပါ


ယင်းလေလံပွဲဟာ ရုပ်ရှင်ဆိုင်ရာ ဂန္ထဝင်အမှတ်တရပစ္စည်းတွေကို လေလံ တင်သွားမှာဖြစ်ပြီး ဟယ်ရီဆင်ဖို့ဒ်ရဲ့ ဂျာ ကင်အပြင် အခြားထင်ရှားတဲ့ ရုပ်ရှင်ဆိုင် ရာ အမှတ်တရပစ္စည်းတွေလည်း ပါဝင်ဦး မယ်လို့ လေလံပွဲစီစဉ်သူတွေက ဆိုပါ တယ်။
Star Wars ရုပ်ရှင်တွေထဲက ပစ္စည်း တွေအပြင် Back To The Future ရုပ်ရှင်ထဲက မာတီမက်ဖလိုင်းရဲ့ လေပေါ်ဝဲစကိတ်၊ ဟယ်ရီဆင်ဖို့ဒ်ပဲ သရုပ်ဆောင်ထား တဲ့ အင်ဒီယာနာဂျုံးစ်ဇာတ်ကားထဲက ကြာပွတ်တို့လို ရုပ်ရှင်ပရိသတ်တွေ စိတ်လှုပ် ရှားလောက်စရာပစ္စည်းတွေ လေလံပွဲမှာ ပါဝင်မှာပဲ ဖြစ်ပါတယ်။


(၆) ဆရာဝန်များက သူရောဂါကြောင့် တစ် သက်လုံးအကူအညီမပါဘဲ မထနိုင်မသွား နိုင်လို့ပြောထားတဲ့အမျိုးသမီး အချစ်ရဲစွမ်း အားကြောင့် မင်္ဂလာဆောင်တဲ့နေ့က သတို့ သားဆီကို တစ်ယောက်တည်း ထသွားနိုင် ခဲ့တဲ့အမျိုးသမီး အံ့သြစရာသေဆုံး

အရိုး အလွန်ကြွပ်ဆတ်သဖြင့် နှာချေ လျှင်ပင် အရိုးကျိုးသည့် အမျိုးသမီးသည် အိမ်ထောင်သက် လေးနှစ်အကြာတွင် ကွယ်လွန်သွားပြီဖြစ်သည်။ မြောက်အိုင်ယာ ယာလန်တွင်နေထိုင်သည့် အဆိုပါ ၃၅ နှစ်အရွယ် အမျိုးသမီး ရုတ်တရက်ကွယ် လွန်သဖြင့် လူအများမှာ အံ့သြဝမ်းနည်း ကြေကွဲခဲ့ကြသည်။ ၎င်းသည် အသက် ၃၁ နှစ်တွင်ပြုလုပ်ခဲ့သည် မင်္ဂလာဆောင်ပွဲတွင် ဘီးတပ်ကုလားထိုင်မှ အားတင်းပြီး ထနိုင်သွားကာ သတို့သားလောင်းထံ အကူအညီ မပါဘဲ လမ်းလျှောက်သွားခဲ့သည်။

ဆရာ ဝန်များက ၎င်းသည် တစ်သက်လုံးအကူ အညီမပါဘဲ လမ်းလျှောက်မည်မဟုတ်ဟု ဟောကိန်းထုတ်ခဲ့သော်လည်း ၎င်းက ချစ် စိတ်၏ လှုံ့ဆော်မှုကြောင့် ဟောကိန်းကို အံတုနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် မွေးရာ ပါ အရိုးကြွပ်ဆတ်ခြင်းဖြစ်ပြီး နှစ်နှစ်ထက် အသက်ပိုရှည်မည်မဟုတ်ပါဟု မှတ်ချက် ပေးခံခဲ့ရသူဖြစ်သည်။ အရိုးကြွပ်ဆတ်သဖြင့် အကြိမ်ပေါင်းများစွာ အရိုးကျိုးခဲ့ပြီး နှာချေ ခြင်းကြောင့်လည်း အရိုးကျိုးခဲ့ရဖူးသည်။ ၎င်းသည် အရပ် ၃ ပေ ၇ လက်မသာရှိ ပြီး ဝေဒနာခံစားရသော်လည်း အားတင်းပြီး ကျောင်းတက်ခဲ့သူဖြစ်သည်။ ဝေဒနာကို အံတုကာ ကျောင်းတက်သော်လည်း ၎င်း သည် ကျောင်းတွင်လည်း လှောင်ပြောင်ခံရ၊ အနိုင်ကျင့်ခံရသေးသည်ဟု ၆-၈-၂၀၁၈ Daily Mail ထဲတွင် ပါလာ၏။

….

(၇) ကံဇာတာညံ့နေလို့ ကံကောင်းပြီး အသက် ရှည်ရန်ဆိုပြီး ယုံကြည်ချက်ဓလေ့အရ ခေါင်းတလားထဲ ဝင်အိပ်နေတဲ့အမျိုးသမီး မိုးလင်းတော့ အခေါင်းထဲမှာ တကယ်သေနေတာတွေ့ခဲ့ကြ

ကံကောင်းစေရန် ခေါင်းတလားထဲ ဝင်အိပ်သည့် အသက်(၄၀)တွင်း အရွယ် အမျိုးသမီး သေဆုံးသွားကြောင်း တောင် ကိုရီးယားရဲတပ်ဖွဲ့က ဆိုသည်။ အမျိုးသမီး သည် သစ်သားခေါင်းတလားထဲတွင် သေ ဆုံးနေခြင်းဖြစ်ကြောင်း မြောက်ဂွန်ဆန် ပြည်နယ်မှ ရဲတပ်ဖွဲ့က ဆိုသည်။ အသက် ရှူကျပ်ခြင်း သို့မဟုတ် လက်ရှိဖြစ်ပွားနေ သော အပူလှိုင်းနှင့်ဆက်စပ်ကာ ဖြစ်သည့် ကျန်းမာရေးပြဿနာကြောင့် အဆိုပါအမျိုး သမီး သေဆုံးသွားခြင်းဖြစ်ဖွယ်ရှိသည်။


ကံကောင်းစေရန်အတွက် ကံအညံ့ ဖယ်သည့် ဘာသာရေးအစဉ်အလာတစ်ခု ကို ယင်းအမျိုးသမီးက အခြားအပေါင်းအ ဖော်နှစ်ဦးနှင့်အတူ လိုက်စားသည်ဟု ရဲတပ်ဖွဲ့က အခိုင်အမာယူဆသည်။ သေဆုံးသူသည် ည ၈ နာရီတွင် ခေါင်းတ လားထဲ ဝင်ခဲ့ကြောင်း၊ ၎င်းတို့လည်း ထို ခေါင်းတလားအနီးတွင်ပင် ကြမ်းပြင်ပေါ် အိပ်ပျော်သွားကြောင်း အထက်ပါအပေါင်း အဖော်အမျိုးသမီးနှစ်ဦးက ဆိုသည်။
နံနက်လင်းတွင် နိုးလာသဖြင့် ခေါင်း တလားကို ဖွင့်ကြည့်ရာ မိမိတို့မိတ်ဆွေမှာ သေဆုံးနေပြီဆိုသည်ကို သိလိုက်ရကြောင်း အပေါင်းအဖော်တစ်ဦးက ဆက်ပြောသည်။ ထိုအမျိုးသမီးနှစ်ဦးကို ပေါ့ဆမှုဖြင့် စွဲချက် တင်သင့်၊ မသင့် အာဏာပိုင်အဖွဲ့က ဆုံး ဖြတ်သွားမည်ဖြစ်သည်။

….
အံ့ဖွယ်သတင်းစုစည်းမှုအယ်ဒီတာ

Leave a Reply

Your email address will not be published. Required fields are marked *

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့