မယုံလည်း ပုံပြင်မဟုတ်တဲ့ တကယ့်ဖြစ်ရပ်များ

(၁)

ကဲ ယုံချင်ယုံ မယုံချင်နေ ကမ္ဘာမှာ သက် ရှိတွေနေထိုင်မှု အဆုံးသတ်မယ့်အချိန်ကို သိပ္ပံပညာရှင်တွေပြောပြီတဲ့

 

လောကတွင် ဖြစ်တည်နေသမျှ အရာ အားလုံးသည် တည်မြဲခြင်းမရှိ။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အလုံးစုံပျက်စီးခြင်း၌သာ နိဂုံးချုပ်ရချေမည်။ သက်ရှိများမှီတင်း နေထိုင်နေကြသည့် ကမ္ဘာကြီးသည်လည်း တစ်နေ့ထက်တစ်နေ့၊ ယုတ်စွအဆုံးစက္ကန့် တိုင်း စက္ကန့်တိုင်း ပျက်စီးခြင်းဘူတာဆီ သို့သာ ဦးတည်သွားနေသည်။ တစ်နည်း အားဖြင့် သက်ရှိသတ္တဝါများ မှီတင်းနေထိုင် ရန် မဖြစ်နိုင်တော့မည့် ကာလတစ်ခုသို့ ဦးတည်နေခြင်းဖြစ်သည်။ အဲဒီအချိန် ဘယ်တော့ရောက်မှာလဲ။ သိပ္ပံပညာရှင်တွေ ကတော့ နောင်လာမယ့် နှစ် ၁ .၇ ဘီလျံ လောက်ရောက်ရင် ကမ္ဘာပေါ်မှာ သက်ရှိ တွေနေထိုင်မှု အဆုံးသတ်သွားမယ်လို့ ခန့်မှန်းပြောကြားလိုက်ပါပြီ။ သူတို့ပြောတာ ဟုတ်/မဟုတ် ဆိုတာကိုလည်း ကိုယ် တွေက အဲဒီလောက် အသက်ရှည်မှာမဟုတ် တာ။ ဒီတော့ လူသားတွေဟာ နောက် ဂြိုဟ်တစ်လုံးဖြစ်တဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ ပြောင်းရွှေ့နေ ထိုင်ကြမယ်လို့ ဆိုပါတယ်။ အင်္ဂလန်နိုင်ငံ၊ နော်ဝစ်ချ်မြို့ East Anglia  တက္ကသိုလ်ရဲ့ လေ့လာမှုတွေအရ အင်္ဂါ ဂြိုဟ်ဟာသက်ရှိတွေ အသက်ရှင်သန်ဖို့ အကောင်းဆုံးအခွင့် အရေးရှိတဲ့နေရာ တစ်ခုဖြစ်လာနိုင်ပါတယ်။ ‘ကျွန်တော်တို့ ခန့်မှန်းထားတာက အခုချိန်ကနေ နောင် လာမယ့်နှစ် ၁ .၇၅-၃ .၂၅ ဘီလျံလောက် ရောက်ရင် ကမ္ဘာပေါ်မှာ သက်ရှိတွေ ဆိတ် သုဉ်းသွားမယ်။ အဲဒီအချိန်နောက်ပိုင်းမှာ ကမ္ဘာကြီးက နေရဲ့အပူပိုင်းဇုန် ဖြစ်သွားလိမ့် မယ်။ ဒီတော့ ပင်လယ်သမုဒ္ဒရာအားလုံးအငွေ့ပျံခန်းခြောက်သွားမှာပေါ့’လို့ သဘာ ဝပတ်ဝန်းကျင်သိပ္ပံ တက္ကသိုလ်ပါမောက္ခ အန်ဒရူးရက်ချ်ဘီက ပြောကြားသွားပါတယ်။

 

(၂)

ဒီလိုလူမျိုးကလည်းရှိသေးတယ် ပြောရင်ယုံ မှာတောင် မဟုတ်ဘူး ဘီယာများအတွက် မိမိအသက်ကိုပင် ပဓာနမထားဘဲ မီး လောင်တိုက်ထဲ ပြန်ပြေးဝင်တဲ့သူ

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် မှ ဝေါ့တာဆာပစ်ဆိုသူ အမျိုးသားတစ်ဦး သည် ၎င်းအိမ်မီးလောင်နေစဉ် မီးဖိုခန်းထဲ ရှိ ရေခဲသေတ္တာထဲမှ ဘီယာဘူးများအတွက်  အသက်အန္တရာယ်ရှိနိုင်သည်ကိုပင် ဂရုမပြု ဘဲ ပြန်ပြေးဝင်သွားခဲ့လေသည်။ ဆာပစ်၏ သားသမီးရှစ်ဦးတို့သည် ဧည့်ခန်းအတွင်း တီဗွီကြည့်နေစဉ် အိမ်ခန်းအတွင်းမှ မီးခိုး လုံးကြီးများထွက်လာခဲ့သည်။ အသက်ငယ် ရွယ်သူကလေးနှစ်ဦးအပါအဝင် သားသမီး ရှစ်ဦးစလုံးကို မီးဘေးလွတ်ကင်းရာ အိမ် ပြင်ပို့ဆောင်ပေးခဲ့ပြီးနောက် ဆာပစ်က မီးတဟုန်းဟုန်းလောင်ကျွမ်းနေသည့် မီးဖို ခန်းထဲ ပြန်ပြေးဝင်သွားခဲ့သည်။ မီးသတ် သမားများက ဆာပစ်ကို တားဆီးခဲ့သော် လည်း ၎င်းက အတင်းရုန်းထွက်သွားပြီး ရေခဲသေတ္တာထဲမှ ဘီယာဘူးများကို အရ ယူရန် ပြေးဝင်သွားခဲ့ခြင်းဖြစ်သည်။ မီးတ ဟုန်းဟုန်းတောက်ကာ လောင်ကျွမ်းနေ သည့်အိမ်ထဲ၌ ၎င်းချစ်ခင်ရသော ဆွေမျိုး သားချင်းတစ်ဦးကျန်နေခဲ့၍ ပြေးဝင်သွား ခြင်းဖြစ်မည်ဟု မီးသတ်သမားများက ထင် မှတ်ထားခဲ့သော်လည်း ဘီယာဘူးများပိုက် ကာ ပြန်ထွက်လာသော ဆာပစ်ကိုကြည့် ရင်း ရုတ်တရက်အံ့ဩမှင်တက်သွားခဲ့ရ သည်။

ဘီယာများကို မိမိအသက်ထက်ပင် ချစ်မြတ်နိုးသူ ဝေါ့တာဆာပစ်ကို နောင် တွင် ယခုကဲ့သို့ အရဲမစွန့်ရန် မီးသတ်ဝန် ထမ်းများက သတိပေးပြောကြားခဲ့သည်။ မီးလောင်မှုကြောင့် သေဆုံးထိခိုက်သူတစ်ဦး မျှမရှိခဲ့ကြောင်းမီးသတ်အရာရှိက ပြော ကြားသွားခဲ့သည်။ ဆာပစ်၏ နေအိမ် အတွင်း မကြာသေးမီက တပ်ဆင်ထားခဲ့ သော လေပူပေးစက်မှ မီးစတင်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း ၎င်းမီးသတ်အရာရှိက ဆိုသည်။

 

(၃)

ယုံချင်ယုံ မယုံချင်နေ ငါးရှဉ့်များဖြင့် နှိပ် နယ်ပေးသော အနှိပ်ခန်းများ ဗြိတိန်တွင် ရေပန်းစားနေသတဲ့

STANDALONE PHOTO Members of the public put their feet into a tank of Garra Rufa fish, a toothless carp from Turkey, at Appyfeet in the Metrocentre, Gateshead. (Photo by Owen Humphreys/PA Images via Getty Images)

အလှအပဆိုင်ရာကုထုံးများ အပြိုင် အဆိုင်ပေါ်ထွက်လာသော ယနေ့ခေတ်တွင် ငါးရှဉ့်များဖြင့် ဝန်ဆောင်မှုပေးနေသော အနှိပ်ခန်းများလည်း တွင်တွင်ကျယ်ကျယ် ပေါ်ထွက်လာခဲ့သည်။ ဗြိတိန်နိုင်ငံတွင် ဖွင့် လှစ်ထားသော ငါးရှဉ့်အနှိပ်ခန်းများသို့ လာ ရောက်သူဧည့်သည်များသည် ထိုင်ခုံများ၌ ထိုင်ကာ ထိုင်ခုံအောက်ခြေတွင် အထူးပြု လုပ်ထားသော ငါးကန်များထဲ ခြေထောက် များစိမ်ကြရမည်ဖြစ်သည်။ ငါးကန်အတွင်း စိမ်ထားသော ဧည့်သည်များ၏ ခြေထောက် ကို ငါးရှဉ့်လေးများက ထိုးဆိတ်ကြမည်ဖြစ် ပြီး ခြေထောက်များရှိ အရေပြားဆဲလ်သေ များကို ဖယ်ရှားပေးကာ ခန္ဓာကိုယ်တစ်ခုလုံး ရှိ သွေးလည်ပတ်မှုစနစ်ကို ပိုမိုကောင်းမွန် လာစေသည်ဟု သိရသည်။

သို့ရာတွင် ဗြိတိန်နိုင်ငံသဘာဝ ပတ် ဝန်းကျင်နှင့် ကျန်းမာရေးစောင့်ရှောက်မှုဌာန (CIEH) ကမူ ယင်းငါးရှဉ့်အနှိပ်ခန်းများ၌ အနှိပ်ခံခြင်းထက်အသက်အန္တရာယ်ဖြစ်နိုင် ခြေ ပိုမိုများပြားကြောင်း ထောက်ပြပြောဆို ခဲ့ကြသည်။ ဗြိတိန်နိုင်ငံ၌ ယင်းငါးရှဉ့်အနှိပ် ခန်းများတွင် ကျယ်လာခြင်းသည် တရုတ် နိုင်ငံမှ ကူးစက်ပျံ့နှံ့လာခြင်းဖြစ်ပြီး အန္တရာယ်များသော ယင်းအလှအပကုထုံး မျိုးကို မမက်မောစေလိုကြောင်း CIEH ၏ ကျန်းမာရေးအတိုင်ပင်ခံ ဝင်ဒီနစ်ဆင်က ပြောကြားခဲ့သည်။

အနှိပ်ခနံနေစဉ်အတွင်း ငါးရှဉ့်များက လူ့ခန္ဓာကိုယ်၏ အရေပြားနှင့် မျိုးပွားလိင် အင်္ဂါများမှတစ်ဆင့် ခန္ဓာကိုယ်ထဲထိုးဖောက် ဝင်ရောက်ကာ အသက်အန္တရာယ်ဖြစ်စေနိုင် သည်အထိ ဒုက္ခပေးလာနိုင်ကြောင်း ဝင်ဒီ နစ်ဆင်က ရှင်းလင်းပြောကြားသွားခဲ့သည်။

 

(၄)

ကဲ ယုံချင်ယုံ မယုံချင်နေ ရွှေ၊ စိန်တို့ဖြင့် ပြုလုပ်ထားသော ဒေါ်လာ ၁၇ သန်းတန်ဖိုး ရှိသည့် ကမ္ဘာ့ဈေးအကြီးဆုံးဖိနပ်

 

အပြစ်အနာအဆာကင်းမဲ့သည့် ၁၅ ကရက်စိန်နှစ်လုံးနှင့်အတူ ရာနှင့်ချီသော စိန်များ ထည့်သွင်းပြုလုပ်ထားသည့် ကမ္ဘာ့ ဈေးအကြီးဆုံးဖိနပ်ကို ဒူဘိုင်းတွင် ရောင်း ချသွားမည်ဖြစ်သည်ဟု သိရသည်။ စိန်၊ ရွှေတို့ဖြင့် ပြုလုပ်ထားသည့်ဖိနပ်ကို Passion Diamond  ဟု အမည်ပေးထား ပြီး ဒေါ်လာ ၁၇ သန်းတန်ဖိုးရှိသည်။ ယူအေအီးအခြေစိုက်ကုမ္ပဏီ Jada Dubai  က Passion Jewellers  ကုမ္ပဏီနှင့်ပူး ပေါင်းကာ ကိုးလကြာအချိန်ယူဖန်တီးခဲ့ရ သော တန်ဖိုးကြီးဖိနပ်ကို ကမ္ဘာ့တစ်ခုတည်း သော ကြယ်ခုနစ်ပွင့်ဟိုတယ် Burj Al Arab တွင် ရောင်းချပေးသွားမည်ဖြစ်သည်။ မိတ်ဆက်ကြေညာသည့် အခမ်းအနား၌ ပြသခဲ့သည့်ဖိနပ်သည် အီးယူဖိနပ်ဆိုက်ဒ် ၃၆ ရှိသော နမူနာသာဖြစ်ပြီး ရောင်းချပြီး ပါက ဝယ်ယူသွားသူ၏ ဖိနပ်အတိုင်းနှင့် ကွက်တိအရွယ်အစားဖြစ်အောင်လုပ် ဆောင်ပေးသွားမည်ဖြစ်သည်။ Jada Dubai  ၏ တည်ထောင်သူက နောက်တစ် ကြိမ်တွင် ကမ္ဘာပေါ်၌ အလွန်ရှားပါးသည့် စိန်များကိုအသုံးပြုကာ အသုံးအဆောင်တစ် ခုကို ဖန်တီးသွားလိုကြောင်းဆိုခဲ့သည်ဟု သိရသည်။

 

(၅)

ဘာစိတ်ကူးနဲ့ သမင်ဦးချိုမှာ အမေရိကန် အလံချိတ်ပေးလိုက်တာလည်းတဲ့

အမေရိကန်ပြည်ထောင်စု ဝိုင်ယိုမင် ပြည်နယ်မှာ ကားမောင်းလာတဲ့ စုံတွဲတစ် တွဲဟာ မျိုးချစ်သမင်ကြီးတစ်ကောင်ကို တွေ့ခဲ့ရပါတယ်။ သူတို့ဟာ သမင်ကြီးကို ဗီဒီယိုရိုက်ကူးပြီး လူမှုကွန်ရက်မီဒီယာပေါ်တင်ခဲ့ပြီးနောက် လူကြည့်များနေတာဖြစ်ပါ တယ်။ ခင်ပွန်းဖြစ်သူ ရော်၈ျာနဲ့ ဂျက်ဆင် ဟိုးဒေသအပြင်မှာ ကားလျှောက်မောင်းရင်း သမင်ကြီးကိုတွေ့တာပါလို့ မာရီဂျိုမာဟာက ပြောကြားပါတယ်။ ယာဉ်ကြောတွေပိတ်ပြီး ကားတွေရပ်ထားတာမို့ သမင်ကြီးဟာ အေးအေးလူလူပဲ ချီတက်နေခဲ့ပါတယ်။ အနီးအနားစာကြည့်တိုက်က အလံနဲ့ ချိတ် မိလာတာဖြစ်မယ်လို့ မှတ်ချက်ပေးသူတွေ က ဆိုပါတယ်။

 

(၆)

ခွေးဖျက်လို့ ပျက်ခဲ့ရတဲ့ ဘောလုံးပွဲတွေ

အာ၈ျင်တီးနားပြည်နယ်တွင် ဘော လုံးလိဂ်ပွဲစဉ်တစ်ခုအတွင်း ဘောလုံးကွင်း အတွင်းသို့ ခွေးတစ်ကောင် မစင်စွန့်ခဲ့သဖြင့် ခေတ္တရပ်ဆိုင်းခဲ့ရသည်ဟု သိရသည်။

ရိုဘာရီ ယိုစင်ထရယ့်နှင့် ရေးဗား ပလိတ်တို့၏ ပွဲစဉ်တွင် ပင်နယ်တီဧရိယာ အတွင်းသို့ ခွေးတစ်ကောင်မစင်ဝင်စွန့်၍ ခေတ္တရပ်နားခဲ့ရခြင်းဖြစ်သည်။ သို့ရာတွင် ထိုခွေးမှ မစင်စွန့်ပြီး ပြန်ထွက်ပြေးသွား သဖြင့် ဖမ်းမိခဲ့ခြင်းမရှိဘဲ ကွင်းလုံခြုံရေး ဝန်ထမ်းများက ခွေးမစင်အား ဖယ်ရှားပြီး နောက်ပွဲကို ဆက်လက်ကစားစေခဲ့သည်။

ထို့အတူ ယခုတစ်ပတ်အတွင်း ကစားခဲ့သော အင်္ဂလန်ပြည်တွင်း လိဂ်ပွဲ စဉ်တစ်ခုတွင် ခွေးတစ်ကောင်က ကွင်းအ တွင်း လှည့်ပတ်ပြေးလွှားနေသဖြင့် အချိန် ၁၀ မိနစ်ခန့် နောက်ကျပြီးမှ ပွဲစဉ် စတင် ခဲ့ရကြောင်း သိရသည်။

လိဂ်ဝမ်းကလပ် Crewe Alexandra  နှင့် Brentford တို့ ကစားသောပွဲစဉ်တွင် လည်း ထိုသို့ဖြစ်ပွားခဲ့ပြီး ခွေးမှာ ပွဲကြည့် စင်သို့ ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။

(၇)

ဟာပါဘက်ခမ်းနဲ့တူတဲ့ နှစ်နှစ်အရွယ် သမီးငယ် ပေါင် ၂၀ဝ၀ ချီးမြှင့်ခံရ

ကမ္ဘာကျော် ဘောလုံးကစားသမား၊ မော်ဒယ်လ် ဒေးဗစ်ဘက်ခမ်းနဲ့ စတိုင်ကျ လှပလွန်းလှတဲ့ အဆိုတော်၊ ဖက်ရှင်ဒီဇိုင် နာ ဗစ်တိုးရီးယားဘက်ခမ်းတို့ရဲ့ အငယ်ဆုံး သမီးကလေး ဟာပါဘက်ခမ်းဟာ အသက် ငယ်ရွယ်ပေမဲ့ စတိုင်ကျမှုမှာတော့ မခေသူ လေးပါ။ ဖက်ရှင်အရာမှာမခေလှတဲ့ ဟာပါ နဲ့ ရုပ်ချင်းဆင်တူပြီး တစ်ပုံစံတည်းနီးပါးဖြစ် နေတဲ့ နှစ်နှစ်အရွယ်သမီးငယ်ကလေးဟာ ဟာပါနဲ့တူတဲ့အတွက် စတာလင်ပေါင် ၂၀ဝ၀ ရရှိခဲ့တယ်လို့ ဒီဇင်ဘာ ၂၈ ရက် ထုတ် မေးလ်အွန်လိုင်းမှာ ဖော်ပြထားပါ တယ်။

နှုတ်ခမ်းစူစူ၊ ဦးခေါင်းတည့်တည့်မှာ ဆံပင်စည်းနှောင်ထားတဲ့ ပုံစံကလေးကအစ တူလွန်းလှပါတယ်။ အဲဒီကလေးနာမည်က ဆန်နာဂစ်ကွပ်ဖြစ်ပြီး ဟာပါဘက်ခမ်းနဲ့တူ တဲ့အတွက် ၂၀၁၃ ခုနှစ်ရဲ့ ကျော်ကြားသူနဲ့ တူသူများ စာရင်းမှာပါဝင်ခဲ့ပြီး လူသိများ လာသူဖြစ်ပါတယ်။ ဟာပါဘက်ခမ်းလေးရဲ့ ခါးထောက်မတ်တတ်ရပ်နေတဲ့ပုံစံကို အတု ယူပြီး ဓာတ်ပုံရိုက်ခံခဲ့ကာ တစ်ခြားပုံတူတွေ ကိုလည်း စိတ်ပါလက်ပါဓာတ်ပုံရိုက်ခံခဲ့ပါ တယ်။ ကျော်ကြားသူနဲ့ တူသူများဆိုတဲ့ စိတ်ဝင်စားဖွယ်အစီအစဉ်ကို ၂၀၁၃ ခုနှစ် ဧပြီလကတည်းက စတင်အကောင်အထည် ဖော်ခဲ့တာပါ။ ဆန်နာဂစ်ကွပ်ရဲ့ မိခင်ဟာ ဗစ်တိုးရီးယားဘက်ခမ်းလက်အောက်မှာ အလုပ်လုပ်သူဆိုဇီကွပ်အမည်ရှိ ကလေး ထိန်းတစ်ယောက်ဖြစ်ပါတယ်။ သမီးငယ် လေး ဆန်နာဟာ အခုဆိုရင် သတင်းစာ တွေ၊ မဂ္ဂဇင်းတွေရဲ့ အာရုံစိုက်မှုများစွာ ရရှိနေပြီး ကြယ်ပွင့်တစ်ပွင့်အဖြစ် နိုင်နိုင် နင်းနင်းသရုပ်ဆောင်နိုင်သူရယ်လို့ ကျော် ကြားပါတယ်။

အံ့ဖွယ်သတင်းစုစည်းမှု

အယ်ဒီတာ

Leave a Reply

Your email address will not be published. Required fields are marked *

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့