မယုံလည်း ပုံပြင်မဟုတ်တဲ့ တကယ့်ဖြစ်ရပ်များ

(၁) ရှော့ပင်ထွက်လာတဲ့ပျားတွေ ဝိုင်းအုံထားကြတဲ့ တိုင်းမ်စကွဲယားလမ်း

 

နယူးယောက်မြို့ တိုင်းမ်စကွဲယားလမ်း ရှိ နာမည်ကြီး ရှော့ပင်အနီးရှိ အသားညှပ် ပေါင်မုန့်ရောင်းချသည့် လှည်းရှိ ထီးအနီ ရောင်နှင့် အဝါရောင်တို့၏ထိပ်တွင် ပျား များဝိုင်းအုံသည့်ဖြစ်ရပ် ဖြစ်ပွားခဲ့ရာ လမ်း သွားလမ်းလာများ၊ ကမ္ဘာလှည့်ခရီးသည်များ အပြင် သွားလာနေသောယာဉ်များပါ စုဝေး ရောက်ရှိလာသည့်အထိ စည်ကားသိုက် မြိုက်ခဲ့သည်ဟု ဆိုသည်။ ရဲတပ်ဖွဲ့ဝင်တို့က ပျားမွေးမြူထိန်းသိမ်းသူများ ဝတ်ဆင်သည့် ကာကွယ်ရေးဝတ်စုံများဖြင့် ရောက်လာကာ ပျားများ ရှင်းလင်းဖယ်ရှားရေးကို လုပ် ဆောင်ခဲ့ကြသည်။

..

(၂) ပန်းချီဆွဲတဲ့ ခွေးကလေးက တိရစ္ဆာန် စောင့်ရှောက်ရေး ပရဟိတအဖွဲ့အတွက် ငွေရှာပေး


အမေရိကန်ပြည်ထောင်စု မြောက် ကယ်ရိုလိုင်းနားပြည်နယ် ရှားလော့ဒေသက ဩစတြေးလျ သိုးထိန်းခွေးတစ်ကောင်ရဲ့ ဝါသနာကတော့ အံ့အားသင့်ဖွယ်ကောင်းပါ တယ်။ ခွေးမလေးရဲ့ နာမည်ကတော့ အိုင် ဗီဖြစ်ပြီးတော့ သူဟာ ပန်းချီဆွဲရတာကို ဝါသနာထုံပါသတဲ့။ ခွေးမလေးအိုင်ဇီဖန်တီး ထားတဲ့ ပန်းချီကားတွေကို ရောင်းချပြီးတော့ တိရစ္ဆာန်စောင့်ရှောက်ရေး ပရဟိတအဖွဲ့ တွေကို လှူဒါန်းပေးလျက်ရှိပါတယ်။ သူ့ ပန်းချီကားတစ်ချပ်ကို ဒေါ်လာ ၂၀ဝ လောက်ရရှိပါသတဲ့။ ပန်းချီဆွဲတဲ့ ဝက်ဝံ၊ ပန်းချီဆွဲတဲ့ဆင် စသဖြင့် နာမည်ကြီးနေပြီး တော့ ယခုအခါ ပန်းချီဆွဲရတာပျော်တဲ့ နောက်ထပ်သတ္တဝါလေးတစ်ကောင် ထွက်ပေါ်လာတာဖြစ်ပါတယ်။ အိုင်ဗီအတွက်တော့ ပါးစပ်နဲ့ကိုက်ထားလို့ရတဲ့ အထူးစုတ်တံလေး စီစဉ်ပေးထားရပါသတဲ့။

..

(၃) အင်းဆက်ပြတိုက်ကနေ ဒေါ်လာလေးသောင်းကျော်ဖိုး အကောင်ပလောင်တွေ အခိုးခံရ

 

အမေရိကန်ပြည်ထောင်စု ဖီလာဒယ် ဖီးယားမြို့ အင်းဆက်ပြတိုက်ကနေ အမေ ရိကန်ဒေါ်လာ လေးသောင်းဖိုးရှိ အင်းဆက် တွေ၊ ပုတ်သင်ညိုတွေ အခိုးခံခဲ့ရပါသတဲ့။ ပြသထားတဲ့ အင်းဆက်အကောင်တွေ ခုနစ်ထောင်ကျော် ပျောက်သွားတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။ သူခိုး ဟာ ပြတိုက်ရဲ့အတွင်းလူပဲဖြစ်ရလိမ့်မယ်လို့ ဖီလာဒယ်ဖီးယားရဲတပ်ဖွဲ့က ယုံကြည် ထားပါတယ်။ အလွန်အဆိပ်ပြင်းတဲ့ မျက် လုံးခြောက်လုံး သဲပင့်ကူလို ရှားပါးသတ္တဝါ တွေပါ ပါသွားတယ်လို့ ဆိုပါတယ်။ ဩဂုတ်လ ၂၂ ရက်နေ့က အခိုးခံရတာ ဖြစ်တယ်လို့ CCTV မှတ်တမ်းတွေကို ကြည့်ပြီး အာဏာပိုင်တွေက ဆိုထားပါ တယ်။ ဖမ်းဆီးအရေးယူတဲ့သတင်းတွေ မထွက်သေးပေမဲ့ ပြတိုက်အမှုဆောင် ဒေါက်တာ ဂျွန်ကမ်းဘရစ်ချ်ကတော့ လူငယ်လေးတွေလုပ်တာမို့ ခွင့်လွှတ်ပေး မယ်လို့ ပြောထားပါတယ်။

(၄) အိပ်ပျော်နေတုန်း ကြွက်က သူ့ခြေထောက်ကို လာကိုက်စားသွားသတဲ့


အင်္ဂလိပ်ဘောလုံးကြယ်ပွင့်ဟောင်း တစ်ဦးဖြစ်တဲ့ ဂယ်ရီမတ်ဘတ်ဟာ တောင် အာဖရိကကို အလည်အပတ်ခရီးသွား ရောက်ခဲ့စဉ် အိပ်ပျော်တုန်း ကြွက်တစ်ကောင်က သူ့ရဲ့ခြေမကို ကိုက်ဖြတ်စား သောက်လိုက်တဲ့အတွက် အရိုးပဲ ကျန်ရစ် ခဲ့တယ်လို့ ပြောပြပါတယ်။

မက်ဘတ်ဟာ တော့တင်ဟမ်ဟော့ စပါးဘောလုံးအသင်းရဲ့ အသင်းခေါင်းဆောင် ဟောင်းတစ်ဦးဖြစ်ပြီး တောင်အာဖရိကမှာ အလုပ်လုပ်ကိုင်နေတဲ့ သမီးဖြစ်သူထံကို အလည်အပတ်ရောက်ရှိနေရင်း အခုလိုအ ဖြစ်နဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
မက်ဘတ်ဟာ ဆီးချိုရောဂါဝေဒနာ ဖြစ်ပွားနေသူဖြစ်တဲ့အတွက် သူ့ခြေမကို ကိုက်နေတာကို သတိမထားမိတဲ့အတွက် ခြေမမှာ အရိုးအထိ ဟောင်းလောင်းပေါက် ကြီးဖြစ်နေတယ်လို့ ဆိုပါတယ်။

(၅) ကမ္ဘာ့အသက်အကြီးဆုံး စစ်ပြန်မိချောင်း ကြီးရှိနေသေးတယ်တဲ့ အသက်(၈၀)အထိ ရှင်သန်နေတဲ့ မိကျောင်းကြီးမူဂျာ


ဘဲဘ်ဂရိတ်တိရစ္ဆာန်ဥယျာဉ်ကို ဒုတိယကမ္ဘာစစ်အကြိုကာလကတည်းက ရောက်ရှိနေတဲ့ မိကျောင်းကြီးမူဂျာဟာ အခုဆိုရင် အသက်(၈၀)အရွယ်ရှိနေပြီဖြစ် ပါတယ်။ မူဂျာဟာ သတ္တဝါတွေထဲမှာတော့ အသက်အကြီးဆုံးလို့ ယူဆရပြီး ယခုအ ချိန်အထိ ကျန်းကျန်းမာမာနဲ့ စားကောင်း သောက်ကောင်းရှိနေဆဲလို့ ဆိုပါတယ်။ မူဂျာဟာ စစ်အတွင်းက ဗုံးဒဏ်နှစ်ကြိမ် မိခဲ့ပေမဲ့ အသက်ဘေးက လွတ်ကင်းခဲ့တဲ့ မိကျောင်းတစ်ကောင်လည်း ဖြစ်ပါတယ်။

(၆) ကြောက်စရာမဟုတ်ဘူးထင်ရင် ကော်ဖီ သောက်ရင်း မြွေများ ဖွတ်များနှင့် ဓာတ်ပုံ ရိုက်နိုင်ကြသတဲ့


ကမ္ဘောဒီးယားမြို့တော် ဖနောင်ပင်၌ ကော်ဖီနှင့်အအေးသောက်ရင်း မြွေများ၊ ဖွတ်များ၊ ပုတ်သင်ညိုများကို ကိုင်တွယ် ဆော့ကစားလျက် ဓာတ်ပုံများလည်း ရိုက် နိုင်သည့် ကော်ဖီဆိုင်တစ်ဆိုင်ရှိနေသည်။ တွားသွားသတ္တဝါအဓိကဟု သတ်မှတ်ဖန် တီးထားသည့် ယင်းကော်ဖီဆိုင်ကို အမျိုး သမီးစီးပွားရေးလုပ်ငန်းရှင် ချီအာရာတီက ဖွင့်လှစ်ခဲ့ပြီး ဖနောင်ပင်၌ ထင်ရှားကျော် ကြားနေသည်။ မြွေများ၊ ဖွတ်များ အများ ဆုံးဖြစ်သည့် ယင်းသတ္တဝါများကို ထိုင်းမှ တင်သွင်းခဲ့ခြင်းဖြစ်ပြီး အသွေးအမွေးကို လူအကြိုက်ဖြစ်ရန် မွမ်းမံထားသည်။

တိရစ္ဆာန်ပြတိုက်တစ်ခုသဖွယ်ဖြစ်နေ သည့် ယင်းကော်ဖီဆိုင်အတွင်းသို့ဝင်ရန် ဝင်ကြေးပေးရန်မလိုအပ်ပေ၊ အနည်းဆုံး ကော်ဖီအေးတစ်ခွက်မှာယူရုံမျှဖြင့် မှန်ပုံး များအတွင်းမှ တွားသွားသတ္တဝါတစ်ကောင် ကောင်ကို ခေတ္တယူငင်ထားရန် တောင်း ဆိုခွင့်ရရှိမည်ဖြစ်သည်။

ကော်ဖီသောက်သူများသည် စားပွဲများ ပေါ်တွင် မြွေဖြူများ၊ လိပ်များ၊ ကင်းမြီး ကောက်များ၊ ပုတ်သင်ညိုများဖြင့် ဆော့က စားခြင်းဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်နေ သည်ကို တွေ့ရှနိုင်သည်။ ကော်ဖီဆိုင်နံရံ များတွင် မြွေများထည့်သွင်းထားသည့် မှန် ပုံးများရှိပြီး အခန်းထောင့်၌လည်း ရောင်စုံ ကြက်တူရွေးများက တစာစာအော်မြည်နေ ကြသည်။

ယင်းသတ္တဝါများကို တောတွင်းပြန် လွှတ်ပေးသင့်ကြောင်း ဝေဖန်မှုများရှိသကဲ့ သို့ လူသားဆန်ဆန် ပေါက်ဖွားပျိုးထောင် ထားသည့် ယင်းတို့သည် တောတွင်း၌ ရှင် သန်နိုင်မည်မဟုတ်ဟု ဆိုင်ရှင်ချီအာရာတီ က တုံ့ပြန်ခဲ့သည်။ အစဉ်အလာအားဖြင့် မြွေများ၊ ဖွတ်၊ ပဒတ်များကို လူအများ ကြောက်ရွံ့ကြမည်ဖြစ်သော်လည်း အန္တရာယ်မရှိသည့်အဝါရောင် အဆင်းဖြင့်လှပ သော မြွေတစ်ကောင်ကို လည်ပင်းပေါ်တင်၍ ဆဲလ်ဖီဓာတ်ပုံရိုက်လိုသူများပြားလျှင် စီးပွားရေးကောင်းမွန်မည်ဟု ယုံကြည် ကြောင်းလည်း ပြောဆိုသည်ဟု AP သတင်းအရ သိရ၏။

..

(၇) ဖုတ်သရဲတစ်ကောင် ဝင်ပူးနေတဲ့ အသားတုံး ဗီဒီယိုဖိုင်

စာဖတ်သူတိုင်း ဒီဗီဒီယိုဖိုင်က အရမ်းထူးခြားပြီး အံ့ဩစရာကောင်းတယ် ပြောမယ်ထင်တယ်။ ခုတ်ထစ်ထားတဲ့ အသားတုံးတစ်တုံးက အသက်ဝင်နေသ လိုပဲ၊ သူ့အလိုအလျောက် တဆွဆွတုန်ခါ လှုပ်ရှားနေတာလေ။ ဒီဗီဒီယိုကို အင်ဒိုနီး ရှားနိုင်ငံက ဈေးတစ်ဈေးမှာ ရိုက်ကူးခဲ့တာ ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ ဗီဒီယို ထဲမှာ သစ်သားပြား ပေါ်တင်ထားတဲ့ နီတွတ်တွတ်အသားတုံးက ဘာကြောင့်မှန်း မသိပါဘူး။ မယုံနိုင်စရာ ကောင်းလောက် အောင် တဆတ်ဆတ်တုန် ခါလှုပ်ရှားနေ ပါတယ်။ အမျိုးသမီးတစ်ဦးက ထူးခြားတဲ့ အသားတုံးကို ဗီဒီယိုရိုက်နေချိန်မှာ နောက် ခံ စကားပြောသံတွေ ကလေးတွေရဲ့ ရယ် မောသံတွေ ကြားနေရပါတယ်။

သိုးသား၊ ဆိတ်သား၊ အမဲသား ဒါမှမဟုတ်ကုလားအုတ်သား တစ်ခုခုဖြစ်နိုင်တဲ့ ဒီအသားတုံးရဲ့ ဗီဒိယိုကို You Tube ပေါ် တင်ထားပါတယ်။ အစ္စလာမ်ဘာသာဝင်တို့ရဲ့ Phul Hijjah လမြတ်ကာလအတွင်း သတ်ဖြတ်ခံခဲ့ရတဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့ အသားတုံးဖြစ်ပါသတဲ့။ ဒီလို တဆွဆွတုန်ခါ လှုပ်ရှားနေတာဟာ အသားရဲ့ လတ်ဆတ်မှု ကို ပြသနေတာပဲဆိုပြီး လူအများစုက အခိုင်အမာ ပြောနေကြပါတယ်။ တချို့ ကလည်း ဖုတ်သရဲကောင်ရဲ့ ဝိညာဉ်ဝင်ပူး နေတဲ့အသားဖြစ်တယ်လို့ မှန်းဆပြောဆိုနေ ကြပါတယ်။ ဒီနှစ်အစောပိုင်းကလည်း တရုတ်နိုင်ငံမှာ အမဲသားအစိမ်းတစ်တုံး အခုလို လှုပ်ရှားနေတာ ပြသထားတဲ့ ဗီဒီယိုထွက်ပေါ်ခဲ့ဖူးပါတယ်။

..

(၈) သက်ရှိအရိုးခေါင်းနှင့်တူအောင် နှာခေါင်းတစ်ဝက်နှင့် နားရွတ်များဖြတ်ပစ်လိုက်တဲ့ အံ့ဖွယ်အမျိုးသား


လူတွေတစ်ယောက်တစ်မျိုးစီ ရူးကြ တယ်ဆိုတာ မှန်၏။ ယခုလည်း အရိုးစု များကို ချစ်မြတ်နိုးသော အမျိုးသားတစ်ဦး သည် မိမိကိုယ်ကို သက်ရှိ အရိုးခေါင်းနှင့် တူအောင် သူ၏ နှာခေါင်းကို ဖြတ်ပစ်ခဲ့ သည်။

Eric Hincapie Ramirz (ဝါ) Kalaca Skull အမည်ရှိ တက်တူးပညာ ရှင်သည် နှစ်နှစ်တာကာလအတွင်း၌ သူ၏ ခန္ဓာကိုယ်ကို အကြီးစားပြုပြင်ပြောင်းလဲမှု များတွင် နှာခေါင်းအောက်ပိုင်းကို ဖယ်ရှား ခြင်းနှင့် နားရွက်များကို ဖယ်ရှာခြင်း စသည့် ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းပြီး အလွန်နာကျင်သည့် ခွဲစိတ်ပြုပြင်ပြောင်းလဲ မှုများကို ခံယူခဲ့သည်။ သို့သော်သူသည် ထိုမျှနှင့် ရပ်တန့်မသွားခဲ့ပေ။

ခန္ဓာကိုယ်အနှံ့ တက်တူးများကြီးကြီး မားမား ထိုးထားသည့် အဆိုပါ တက်တူး ပညာရှင်သည် သူ၏ လျှာကိုနှစ်ခွဖြစ်အောင် ခွဲခဲ့ပြီး မီးခိုးပြာအရောင်ကို ဆိုးခဲ့သည်။ ထို့အပြင် သူသည် မျက်လုံးအပြင်အိမ်များ ကို အနက်ရောင်ဆိုးခဲ့သည့်အပြင် မျက်နှာ ကိုလည်း အရိုးခေါင်းနှင့်တူအောင် တက် တူးများထိုးခဲ့သေးသည်။

အသက်(၂၂)နှစ်အရွယ် Kalaca Skull သည် ကိုလံဘီယာနိုင်ငံတွင် မိမိ၏ နှာခေါင်းနှင့် နားရွက်များကို မိမိ၏သဘော ဆန္ဒအလျောက် ဖယ်ရှားခဲ့သည့် ပထမဆုံး လူဖြစ်ခဲ့သည်။ Kalaca သည် ခန္ဓာကိုယ် ပြုပြင်ပြောင်းလဲမှုများကို သူ၏မိခင် သေ ဆုံးပြီးနောက်ပိုင်း စတင်ပြုလုပ်ခဲ့သည်။ Kalaca က သူသည် ကလေးဘဝကပင် အရိုးခေါင်းများကို စိတ်ဝင်စားစွဲမက်ခဲ့သော်လည်း သူ၏မိခင်က ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုကို လုံးဝခွင့်မပြုသောကြောင့် မိခင် သက်ရှိထင်ရှားရှိစဉ်ကာလတစ်လျှောက် ၄င်း၏ စိတ်ဆန္ဒကို ထိန်းချုပ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

Kalaca က “လူတွေအနေနဲ့ ခန္ဓာ ကိုယ်ပြုပြင်ပြောင်းလဲမှု လုပ်ထားတဲ့သူတွေ ကို ဝေဖန်မကဲ့ရဲ့သင့်ပါဘူး။ ဒါဟာ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပါ” ဟု ပြောကြားခဲ့ သည်။ Kalaca သည် အနာဂတ်တွင် ၎င်း ကိုယ် ၎င်းအရိုးခေါင်းနှင့် ပိုတူအောင် ပြုပြင် ပြောင်းလဲမှုများ ထပ်မံပြုလုပ်ရန် အစီ အစဉ်ရှိကြောင်းလည်း သိရသည်။

အံ့ဖွယ်သတင်းစုစည်းမှု
အယ်ဒီတာ

Leave a Reply

Your email address will not be published. Required fields are marked *

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့