မြန်မာ့မိသားစုဥပဒေအနှစ်ချုပ် (၁)

ကိုဖြူ ။ ။ မြန်မာလူမျိုးတွေရဲ့ မိသားစုဥပဒေကို အရိုးဆုံး/ အရှင်းဆုံး၊ လူနားလည်အလွယ်ဆုံး၊ တိုတိုမိမိရေးပြပါဆရာ။
ယူတီကေ ။ ။ မြန်မာဓလေ့ထုံးထမ်းဥပဒေဟာ မြန်မာမိသားစု ဥပဒေဖြစ်တယ်။
ယခင်က (Burmese Buddhist Law- B.C.L) လို့ ခေါ်ကြ တယ်။ ဒီဥပဒေနဲ့ သက်ဆိုင်တဲ့ လူတွေက (က)အမှုသည်များဟာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြရင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ အဆုံး အဖြတ်ပေးရတယ်။ (ခ) မြန်မာမင်းများလက်ထက်မှာ မြန်မာဗုဒ္ဓ ဘာသာဝင် ပုဂ္ဂိုလ်နဲ့ ဘာသာခြားနဲ့ ထိမ်းမြားခြင်းက ပေါ်ပေါက်လာ တဲ့အမှုတွေကိုလည်း၊ သူတို့ဟာ ဗုဒ္ဓဘာသာအချင်းချင်း ထိမ်းမြား သည့်အလား ဓမ္မသတ်များအရ စီရင်ဆုံးဖြတ်ခဲ့ကြတယ်။ ဒါကိုထိမ်း မြားသူများ ပဋိညာဉ်ပြုရာ ဒေသရဲ့ဥပဒေ (Lex Loci Contractus) နဲ့အညီ ဆုံးဖြတ်တဲ့ကြတယ်။ (ဂ) မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် မှန်ရင် မည်သည့်လူမျိုးပင်ဖြစ်စေ၊ မည်သည်နိုင်ငံကလာသည်ဖြစ်စေ မြန်မာဓလေ့ထုံးထမ်းဥပဒေနဲ့သက်ဆိုင်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။ (၁၉၆၃) ဒီမြန်မာ့ဓလေ့ထုံးထမ်းဥပဒေအရ အဆုံးအဖြတ်ပေးရတဲ့ (သက်ဆိုင်တဲ့)ကိစ္စ။
အမွေဆက်ခံရေး၊ အမွေခွဲဝေရေး၊ ထိမ်းမြားရေးပြဿနာများ ဖြစ်တယ်။
အရင်းအမြစ်(Sources)မြန်မာဓလေ့ထုံးတမ်းဥပဒေရဲ့ အရင်း အမြစ် (၃)ခုရှိတယ်။
၁။ ဓမ္မသတ်များ(မနုကျယ်ဓမ္မသတ်၊ ကင်းဝန်မင်းကြီး ဦးကောင်း ၏ဓမ္မသတ် ၂ စောင်)
၂။ စီရင်ထုံးများ (တရားသူကြီးများ ဆုံးဖြတ်သော စီရင်ထုံးများ) Judicial Precedents
၃။ တည်ဆဲဓလေ့ထုံးတမ်းများ (တရားသူကြီးများက ခေတ် ပြောင်း၊ ဓလေ့ပြောင်း၊ စီရင်ထုံးများ ပြောင်းလဲဆုံးဖြတ်ကြရသည်။ ဃကျအသာ
၄။ ဥပဒေပြုခြင်း Legislation အစိုးရအဖွဲ့က အက်ဥပဒေပြုလုပ် ပေးခြင်း။ ဒါကြောင့် မြန်မာဓလေ့ထုံးထမ်းဥပဒေဟာ ပြဋ္ဌာန်းဥပဒလို ပုဒ်မတွေမပါရှိဘဲ ဓမ္မသတ်များ၊ စီရင်ထုံးများကိုသာ ကိုးကား ဖော်ပြဆုံးဖြတ်ကြတယ်။

လက်ထပ်ထိမ်းမြားခြင်း။ Marriage

ထိမ်းမြားခြင်းဟာ (က) ဘာသာရေးနှင့် လုံးဝမပတ်သက် (ခ) လောကီရေးသက်သက် ဖြစ်တယ်။ ဗုဒ္ဓဘာသာတရားတော်မှာ ကာမ ဘုံမှလွတ်မြောက်ရေးကို ရှာကြံကြိုးပမ်းတဲ့ တရားတော်ဖြစ်ရာ ထိမ်း မြားခြင်းဟာ ဘာသာရေးနဲ့လုံးဝမပတ်သက်ပါ။ ဗုဒ္ဓဘာသာဝင် ယောကျာ်းနဲ့မိန်းမတို့ ထိမ်းမြားရာမှာ တရားဝင်ရန် အောက်ပါတို့ လိုအပ်တယ်။
၁။ ယောကျာ်းလေးဟာ အသက်ကန့်သတ်ချက်မရှိပါ။ မိဘ။အုပ်ထိန်းသူ သဘောတူညီချက် မလိုပါ။ လူပျိုတော်ဝင် ရန်သာလိုပါတယ်။
၂။ မိန်းကလေးအသက်ဟာ အသက်(၂၀)မပြည့်သေးရင် မိဘအုပ်ထိန်းသူရဲ့ သဘောတူညီချက်လိုတယ်။ သဘော တူညီချက်ရရင် အသက်(၁၈)နှစ်ပြည့်မှ လက်ထပ်ထိမ်း မြားနိုင်တယ်။ မုဆိုးမ၊ တစ်ခုလပ်ဖြစ်ရင် မိဘအုပ်ထိန်းသူရဲ့သဘောတူညီချက်မလိုဘူး။
၃။ ထိမ်းမြားသူနှစ်ဦးဟာ လူအသိုင်းအဝိုင်းက လက်မခံနိုင်တဲ့ သွေးသားတော်စပ်မှု မရှိစေရ။
၄။ မိန်းမမှာ မပြတ်စဲသေးတဲ့ တရားဝင်လင်ယောကျာ်းမရှိစေရ။
၅။ နှစ်ဦးစလုံးဟာ စိတ်ပေါ့သွပ်သူ မဖြစ်စေရ။
၆။ လင်မယားအဖြစ် အိမ်ထောင်ပြုရန် သဘောဆန္ဒ လွတ် လပ်စွာ ပေးရမည်။
၇။ အခမ်းအနားတစ်စုံတစ်ရာမပြုခဲ့ရင် လင်မယားအဖြစ် အထင်အရှားပေါင်းသင်းနေထိုင်ရမည်။
၈။ ထိမ်းမြားခြင်းတရားဝင်စေရန် မင်္ဂလာအခမ်းအနားမလိုပါ။
၉။ ထိမ်းမြားမှုအတွက် စာချုပ်စာတမ်းမလိုပါ။ သက်သေခံ ချက်အတွက် ပြုလုပ်ကြသည်။
၁၀။ ထိမ်းမြားခြင်းတရားဝင်စေရန် အတူနေ၊ အတူစားရန်မလို။
၁၁။ တရားဝင်အတည်ဖြစ်ရန် ထိမ်းမြားပြီးနောက် ပေါင်းသင်း စပ်ယှက်မှုရှိရန် မလိုတော့ပါ။
၁၂။ ထိမ်းမြားပြီးနောက်လင်ဖြစ်စေ၊ မယားဖြစ်စေ အခြားဘာ သာကိုကူးပြောင်းကိုးကွယ်ရင် ထိမ်းမြားခြင်း မပျက်ပြယ်ပါ။ ဆက်လက်တည်မြဲပါသည်။
၁၃။ လင်မယားကွာရှင်းရေးမှာ “ဂြိုဟ်ပြေနံပြေ”ဟန်ဆောင်ကွာရှင်းခြင်းမျိုးရှိသည်။ သို့သော် ဟန်ဆောင်/အရှက်ပြေ ထိမ်းမြားခြင်း မရှိပါ။
၁၄။ ကွာရှင်းပြီးနောက် ပြန်လည်ပေါင်းသင်းရင်၊ လူသိရှင်ကြား၊ အထင်အရှားဖြစ်ရမည်။ သာမန်အိပ်ရုံ/စပ်ယှက်ရုံ/ တိတ်တိတ်ပုန်းတွေ့ကြရုံနဲ့ လင်မယားပြန်မဖြစ်ပါ။
၁၅။ တရားသူကြီးရှေ့မှာ အကြင်လင်မယားအဖြစ်နေထိုင်ရန် ကတိသစ္စာ/ကျမ်းကျိန်ချက် စာချုပ်ပြုလုပ် လက်ထပ် ထိမ်းမြားခြင်းဟာ လင်မယားအရာ မြောက်တယ်။
၁၆။ မြန်မာဗုဒ္ဓဘာသာမိန်းမများဟာ ဘာသာခြား (ဟိန္ဒူ၊ အစ္စလာမ်၊ ခရစ်ယာန်)နဲ့ အထူးထိမ်းမြားခြင်း ဥပဒေအရ ထိမ်းမြားလက်ထပ်နိုင်တယ်။
ကိုဖြူ ။ ။ အကယ်၍ မင်္ဂလာအခမ်းအနား၊ လက်ထပ်စာချုပ်မရှိဘဲ နှစ်ဦးသဘောတူပေါင်းသင်း နေထိုင်ခဲ့တဲ့ယောကျာ်းနဲ့မိန်းမတို့ တရား ဝင်လင်မယားဖြစ်မဖြစ်ဆိုတဲ့ ပြဿနာပေါ်ပေါက်လာပါက တရားဝင် လင်မယားဖြစ်ကြောင်း ထင်ရှားအောင် ဘယ်လိုသက်သေပြရမလဲ ဆရာ။
ယူတီကေ ။ ။ သူတို့နှစ်ဦးနေထိုင်ခဲ့စဉ်က တစ်ဦးကိုတစ်ဦးက ပြုမူ နေထိုင်ပုံ(Conduct)နဲ့ ကျော်ဇောသတင်း(Reputation)ကို အခြေ ပြုပြီး ဆုံးဖြတ်ရမယ်လို့ ဥပဒေပညာရှင် ဦးမေအောင်နဲ့ ဒေါက်တာ ဧမောင်တို့ရဲ့ (Burmese Buddhist Law) စာအုပ်တွေမှာ အောက် ပါအတိုင်း ဖော်ပြထားတယ်။
(၁) သူတို့ဟာ လင်မယားဖြစ်ကြောင်း ဖွင့်ဟပြောဖူးသလား။ (ပြော)
(၂) သူတို့နှစ်ဦးဟာ အတူနေကြသလား။ (နေ)
(၃) တစ်ဦးကတစ်ဦးကို လင်မယားအနေအထားမျိုး ဆက်ဆံ ပြုမှု နေထိုင်သလား။ (ပြု)
(၄) သူတို့နှစ်ဦးဟာ ဆွေမျိုး၊ သားချင်း)မိတ်ဆွေများထံ အတူတကွ သွားလာလည်ပတ်လေ့ရှိသလား။ (လည်)
(၅) သာရေး၊ နာရေးနဲ့ဘုရားကျောင်းကန်တို့ကို အတူသွား လာ၊ လှူတန်းလေ့ရှိသလား (လှူဖွယ်)
(၆) နှစ်ဖက်သောမိဘဆွေမျိုး၊ မိတ်ဆွေများက သူတို့နှစ်ဦးကို လင်မယားအနေအထားနဲ့ ဆက်ဆံပါသလား။ (ဆွေမျိုး)
(၇) သူတို့နေထိုင်မှုဟာ ပုန်းလျိုး၊ အပျော်သဘောဆက်ဆံ နေထိုင်ခြင်း ဖြစ်ပါသလား။ (ပုန်းလျိုး)
(၈) ပစ္စည်းကို ပူးတွဲပိုင်ဆိုင်၊ အသုံးပြုကြသလား (ပစ္စည်း)
(၉) တစ်ဦးဦး သေဆုံးတဲ့အသုဘမှာ ကျန်တစ်ဦးရဲ့အပြုအမှုက အိမ်ထောင်ဖက်အဖြစ် ပေါ်လွင်သလား (သေပြီး)
(၁၀) မိန်းကလေးနှင့် ၎င်း၏မိဘများရဲ့ အဆင့်အတန်းနဲ့ အကျင့်စာရိတ္တ ဟအတိုမှတ် (ပြော၊ နေ၊ ပြုလည်၊ လှူ ဖွယ်၊ ဆွေမျိုး၊ ပုန်းလျိုး၊ ပစ္စည်း၊ သေပြီး၊ အဆင့်အတန်း)
အထက်ပါအချက်များအားလုံး မဟုတ်သော်လည်း အများစုအရ တရားဝင်လင်မယားဖြစ်သည်ဟု ကောက်ယူနိုင်ရင် ထိုသူနှစ်ဦးတို့ကို တရားဝင်လင်မယားအဖြစ် မှတ်ယူနိုင်တယ်။ (May Presume) စီရင်ထုံးမူများ ယောကျာ်းတစ်ယောက်နဲ့မိန်းမတစ်ယောက်တို့ဟာ လင်မယား မဟုတ်ဘဲအတူနေထိုင်ရင် မသင့်လျော်ဟုယူဆကြတယ်။
မြန်မာများဟာ “မယား” ဆိုတဲ့စကားကို တရားဝင်လက်ထပ်ပြီးတဲ့ မယားကိုရော၊ လက်မထပ်ဘဲ အတူနေနေတဲ့ မိန်းမကိုရော ခေါ်ဝေါ်သုံးစွဲတတ်တယ်။ သတိထားသင့်တယ်။
တိတ်တိတ်ပုန်းစပ်ယှက်ခြင်း၊ အတူနေခြင်းဟာ လင်မယားအခြေအနေ အဆင့်အတန်း(Status) မပြဆိုပေ။ တစ်အိုးတစ်အိမ်အောက်မှာ အစဉ်သဖြင့်သားမယားအဖြစ် ပေါင်းသင်းခြင်းမရှိဘဲ (မောင်နှမဝမ်းကွဲလိုလို) ၎င်းတို့အချင်းချင်း တိတ်တိတ်ပုန်းစပ်ယှက်ခြင်းပြုရင် ထိုအချက်ဟာ ကျော်ဇောသတင်း မဟုတ်ချေ။
ထိမ်းမြားခြင်းမပြုဘဲ ယောကျာ်းနဲ့မိန်းမ စိတ်တူသဘောတူအတူ တကွ ပေါင်းသင်း နေထိုင်ကြခြင်း(Living Together)အများအပြား ပြုလုပ်နေထိုင်လျက်ရှိတယ်။ အနောက် နိုင်ငံတွေမှတဆင့်၊ မြန်မာ နိုင်ငံမှာပါ ကူးစက်လာပြီဖြစ်တယ်။ ဒါဟာ လူသားနှစ်ဦးရဲ့ကိုယ်ပိုင် အခွင့်အရေးလို့ ယူဆနေကြတယ်။
ခရစ်ယာန်ဘာသာဝင်မိန်းမနဲ့ ယောကျာ်းဟာ ဘုရားရှိခိုးကျောင်း၊ သိက္ခာရဆရာတော်များ ထိမ်းမြားမှုမှတ်ပုံတင်အရာရှိများထဲမှာ နည်းတကျ ထိမ်းမြားရတယ်။ ဒီလိုမပြုလုပ်ရင် တရားဝင် လင်မယား မဖြစ်ဘူး။ ဒီလိုမထိမ်းမြားဘဲ စိတ်တူကိုယ်တူပေါင်းသင်းနေထိုင်ခြင်းဟာ Living Together အတူနေထိုင်ခြင်းသာဖြစ်ပြီး တရားဝင် လင်မယားအဖြစ် မရောက်ပါ။
ဤသို့ဆိုရင် စာချုပ်မချုပ်ဆိုဘဲ စိတ်တူသဘောတူပေါင်းသင်းနေထိုင်ကြသူတိုင်းကို တရားဝင်လင်မယားမမြှောက်လို့ အထက် ဥပဒေပညာရှိကြီးများရဲ့ စာအုပ်များအရ ဆုံးဖြတ်ရမှာဖြစ်တယ်။
ကိုဖြူ ။ ။ ထိမ်းမြားလက်ထပ်ရေးမှာ ယောကျာ်းသားတွေရဲ့ပြော စကားဖြစ်တဲ့ “ယောကျာ်းကောင်း၊ မောင်းမတစ်ထောင်” ဆိုတာ ရှင်းပြပါဆရာ။
ယူတီကေ ။ ။ အထက်မှာပါတဲ့ ထိမ်းမြားလက်ထပ်ရေး အမှုစဉ် (၄)မှာ မိန်းမမှာ တရားဝင်မပြတ်စဲသေးတဲ့ လင်ယောကျာ်းမရှိရလို့ပါတယ်။ ဒါကလည်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ မိန်းမများကို လင် ယောကျာ်း တစ်ဦးထက်ပိုပြီး ယူခွင့်ကိုအားမပေးလို့ ဖြစ်တယ်။ မိန်းမတစ်ယောက်ဟာ လင်အများအပြားယူနိုင်တယ်ဆိုတဲ့ နိုင်ငံမရှိသလောက် နည်းပါတယ်။ ဒါပေမဲ့ ယောကျာ်းတွေကိုတော့ လူမျိုး၊ ဘာသာ၊ ဒေသ၊ စည်းစိမ်ဥစ္စာအရ မိန်းမတစ်ဦးထက်ပိုပြီး ယူခွင့်ကို ရှေးရှေးကတည်းက ခွင့်ပြုလာခဲ့တယ်။ ယောကျာ်းတစ်ယောက်ယူနိုင်တဲ့ မိန်းမဦးရေဟာ
– ခရစ်ယာန်ဘာသာမှာ ကျား-၁ = မ-၁
– ဟိန္ဒူဘာသာမှာ ကျား-၁ = မ-၁
– မဟာဗေဒင်ဘာသာမှာ ကျား-၁ = မ-၄
– ဗုဒ္ဓဘာသာမှာ ကျား-၁ = မ- (အကန့်အသတ်မရှိ) Infinity မိန်းမတစ်ထောင်ယူ နိုင်တယ်လို့ ကြွားခဲ့ပါခဲ့တယ်။ ရှေးဓမ္မ သတ်များကလည်း အားပေးခဲ့တယ်။ ဒါကြောင့် ရှေးဘုရင်များ၊ သူဌေးသူကြွယ်များ၊ ချမ်းသာသူများ၊ ပန်းရံဆရာများဟာ မိန်းမတစ်ယောက်ထက် ပိုယူကြတယ် ။ “မောင်းမတစ်ထောင်” ဆိုပြီး ြွကားကြတယ်။ ဒါပေမဲ့ခေတ်၊ စနစ်၊ ဓလေ့ထုံးစံ၊ ပြည်သူတွေရဲ့ အတွေးအခေါ်၊ သဘောထားစီရင်ထုံး၊ ပြဋ္ဌာန်းဥပဒေပြုလုပ်ခြင်း (Leginlation)တွေကြောင့် မြန်မာနိုင်ငံမှာ ဥပဒေပြောင်းလဲသွားပြီဗျ။ (၁.၉.၂၀၁၅)နေ့ကစပြီး တစ်လင်တစ်မယားဥပဒေဆိုတာ ပြဋ္ဌာန်းအတည်ပြုလိုက်တယ်။ အဲဒီဥပဒေအရ
၁။ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံခြားသားအားလုံး၊ နိုင်ငံသားအားလုံး။
၂။ မြန်မာနိုင်ငံမှာနေထိုင်တဲ့ ဘယ်ဘာသာဝင်ဖြစ်ဖြစ်၊ (ဘာသာကိုးကွယ်) (၁.၉၂၀၁၅) နေ့ကစပြီး တစ်လင်တစ် မယားပဲရှိရမယ်။ ယူရမယ်။ ပိုမယူရဘူး အိမ်ထောင်သည် ဟာ နောက်ထပ် အိမ်ထောင်မပြုရဘူး ထောင်ဒဏ်(၇)နှစ် ချမှတ်ခံရမယ်တဲ့။ ဒါကြောင့် ယောကျာ်းကောင်း ထောင် ၇-နှစ်ဖြစ်သွားပြီ။
ကိုဖြူ ။ ။ ၁-၉-၂၀၁၅ (တလတမယ)ဥပဒေပေါ်ခင်က မိန်းမ ၂ ယောက် ၃ ယောက်ယူထားတဲ့ လူတွေရော အရေးယူခံရမလားဆရာ။
ယူတီကေ ။ ။ ၁-၉-၂၀၁၅ (တလတမယ)ဥပဒေပြဋ္ဌာန်းမီက မိန်းမအများယူထားပြီဖြစ်တဲ့လူမှာ မိန်းမဘယ်နှစ်ယောက်ဖြစ်ဖြစ် အရေးယူခြင်းမှ ကင်းလွတ်ခွင့်ရတယ်။ မပူနဲ့။
ကိုဖြူ ။ ။ အရင်ရာဇသတ်ကြီးဥပဒေမှာ “လင်ခိုး” မှုနဲ့ မိန်းမတွေကို အရေးယူတာမရှိဘူးဆရာ။ အခုကော။၊
ယူတီကေ ။ ။ အခုအရေးယူခံရမယ်။ မယားရှိ လင်နဲ့ထိမ်းမြားတဲ့ အိမ်ထောင်သည်မိန်းမဟာဒီ ဥပဒေအရ “လင်ခိုးမှု” ဆိုပြီး ထောင် (၇)နှစ်ကျနိုင်တယ်။

UTK

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့