Local News

Local News

ရောဂါဖြစ်စေတဲ့လူစုလူဝေး ပြုလုပ်ခဲ့မှုနဲ့ တရားဟောဆရာ အပါအဝင် လေးဦးကို အမှုဖွင့်ထားလို့ တိုင်းအစိုးရ ထုတ်ပြန်

အဲဒီတရားဟောဆရာဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ နာမည်ကြီးတရားဟောဆရာလည်း ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြားချက်တွေကိုလိုက်နာရန်ပျက်ကွက်ခဲ့တဲ့အတွက် သင်းအုပ်ဆရာနဲ့ တရားဟောဆရာအပါအဝင် လေးဦးကို အင်းစိန်နဲ့ မရမ်းကုန်းမြို့မ ရဲစခန်းတို့မှာ အမှုဖွင့်အရေးယူထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီကနေ့ ဧပြီ ၁၄ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားတဲ့ ကိုဗစ်၁၉ ထိန်းချုပ်ရေး ညွှန်ကြားချက်တွေကိုလိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့ သင်းအုပ်ဆရာ၊ အမှုတော်ဆောင် တို့ကို ရောဂါဖြစ်ပွားစေနိုင်တဲ့ လူစုလူဝေးပြုလုပ်ခဲ့တဲ့အပေါ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အင်းစိန်မြို့မရဲစခန်းမှာ ပ နံပါတ် ၇၀၆/၂၀၂၀/၂၀၁၃ နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရားဟောဆရာနဲ့ တေးသံသွင်းပိုင်ရှင်တစ်ဦးတို့ကိုလည်း အဲဒီလို လူစုလူဝေးပြုလုပ်ခဲ့မှုနဲ့ မရမ်းကုန်းရဲစခန်းမှာ ပနံပါတ် ၅၈၃/၂၀၂၀ နဲ့ အမှုဖွင့်ထားကြောင်း အများပြည်သူကို အသိပေးထုတ်ပြန်အပ်တယ်လို့ကြေညာချက်က ဖော်ပြထားပါတယ်။ အဲဒီတရားဟောဆရာဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ နာမည်ကြီးတရားဟောဆရာလည်း ဖြစ်ပါတယ်။

Credit : BBC

Photo : ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့