အရမ်းလှလို့ အရမ်ချောလို့ အပြစ်ရှိတယ်ဆိုပြီး ရဲကဖမ်း

သိပ်လှရင် စိတ်မချရလို့ ကားမမောင်းနဲ့ ရဲဖမ်းမယ်ပြောရမလို ခုလည်း ဥရုဂွေးယာဉ်ထိန်းတစ်ဦးသည် အမျိုးသမီးတစ်ဦး ယာဉ်မောင်းလာစဉ် လှပချောမောလွန်းသည့်အပြစ်ဖြင့် ဒဏ်ငွေရိုက်ခဲ့သောကြောင့် စုံစမ်းစစ်ဆေးခံနေရသည်ဟု သိရ၏။

ဖြစ်စဉ်မှာ Paysandu မြို့တွင် မေလ ၂၅ ရက်က အမည်မဖော်လိုသူ ယာဉ်ထိန်းရဲသည် အမျိုးသမီးယာဉ်မောင်းတစ်ဦးကို တားမြစ်ပြီးနောက် အများပြည် သုံးလမ်းမပေါ်တွင် လှပချောမောလွန်းစွာ ကားထွက်မောင်းသည့်ပြစ်မှုဖြင့် ဒဏ်ငွေ ဖြတ်ပိုင်းတစ်စောင်ကို ပေးအပ်လိုက်ပြီး လက်မှတ်၏ မှတ်ချက်နေရာတွင်လည်း I Love You ဟု ရေးသားပေးခဲ့သေးသည်။ အဆိုပါယာဉ်ထိန်းရဲက ချစ်စရာကောင်းသည့် အပြုအမူတစ်ခုအနေဖြင့်သာ လုပ် ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။ ယင်း ဒဏ်ငွေဖြတ်ပိုင်းမှာ လူမှုကွန်ရက်မီဒီယာ ပေါ်၌ ပျံ့နှံ့လာပြီးနောက် ယာဉ်ထိန်းရဲကို စုံစမ်းစစ်ဆေမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အချို့က ယာဉ်ထိန်းရဲ၏ ရဲတင်းစွာ ပရောပရည်လုပ်သည့် အပြုအမူကို အံ့ဩ ချီးကျူးမိကြောင်း ဆိုခဲ့သော်လည်း အချို့ က အာဏာအလွဲသုံးစားလုပ်မှုနှင့် နှောင့်ယှက်စော်ကားမှုဖြစ်သည်ဟု ဝေဖန်ပြောဆိုခဲ့ကြသည်။ ယခုအခါ အခွင့်မရှိသည့် အကြောင်းပြချက်နှင့် တရားဝင်စာရွက် စာတမ်းထုတ်ပေးမှုဖြင့် စစ်ဆေးခံနေရသော ယာဉ်ထိန်းရဲသည် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ရာထူးဆိုင်းငံ့ခြင်း၊ ရာထူးချ ခြင်းနှင့် အလုပ်ထုတ်ခြင်းတို့အထိ အပြစ် ဒဏ်ပေးခံရနိုင်ကြောင်း AP သတင်းအရ သိရသည်။

AP

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့