မယုံလည်း ပုံပြင်မဟုတ်တဲ့ တကယ့်ဖြစ်ရပ်များ

ဤစာမျက်နှာပါ သတင်းဖြစ်ရပ်များသည် ယုံချင်စရာမဟုတ်သော်လည်း ပုံပြင်မဟုတ်တဲ့ တကယ့်ဖြစ်ရပ်များကို သက်သေခံပုံများနှင့် ဗဟုသုတအဖြစ် ဖော်ပြထားပေးခြင်း ဖြစ်ပါသည်။

(၁) ပြောရင်ယုံမျာမဟုတ်ဘူး ဘောလုံးပွဲကြည့်ချင်လို့ ခဲရာခံစစ်ရခဲ့တဲ့အလုပ်တွေကို ထွက်လိုက်ကြသတဲ့

ပီရူးဘောလုံးအသင်းကို ရုရှားအထိ လိုက်ပါအားပေးဖို့အတွက် ပီရူးဘောလုံးပရိ သတ်အချို့ဟာ သူတို့ရဲ့ အလုပ်တွေကို စွန့်လွှတ်ခဲ့ရတယ်လို့ သိရပါတယ်။ တစ်လနီးပါးကြာမြင့်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရာ ရုရှားမြေအထိလိုက် အားပေးဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် ပီရူးဘောလုံးပရိသတ်အများ စုဟာ အလုပ်ထွက်ခဲ့သလို တချို့ကား ရောင်းပြီးလာကြည့်၊ တချို့က ဘဏ်က ချေးငွေထုတ်ပြီး လာကြည့်ကြတာဖြစ်ပါ တယ်။ ‘မြေးလေးကို ပထမဆုံးကမ္ဘာ့ဖလား အတွေ့အကြုံရစေချင်လို့ ရုရှားအထိ ခေါ် လာခဲ့တာပါ’လို့ အက်ဂါက ဆိုပါတယ်။ ပီရူးအသင်းဟာ ၁၉၈၂ ခုနှစ်နောက် ပိုင်း ကမ္ဘာ့ဖလားခြေစစ်ပွဲကို မအောင်မြင် ခဲ့ဘဲ။ ၂၀၁၈ ခုနှစ်မှ နောက်တစ်ကြိမ် ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်တယ်။ ‘ဒီအချိန်ရောက်ဖို့ အကြာကြီးစောင့်ခဲ့ ရတယ်။ ပီးရူးနိုင်ငံတော်သီချင်းကို အခြား မြေပေါ်မှာဆိုခွင့်နောက်တစ်ကြိမ်ထပ်ရခဲ့ပြီ’လို့ အက်ဂါက ပြောပါတယ်။ အက်ဂါတို့မိသားစုဟာ ပီရူးကနေ ရုရှားနိုင်ငံ၊ ဆာရာမြို့အထိရောက်ဖို့ လေယာဉ်သုံးဆင့်ပြောင်းစီးခဲ့ရသလို ရထားကို လည်း ၁၀ နာရီကြာ စီးခဲ့ရပါတယ်။

(၂) ဒိုးနတ်မုန့်ကြိုက်လွန်းလို့ ဂိုဒေါင်ဖောက်ဝင် ပြီးစားတဲ့ ဝက်ဝံနက်

 

အမေရိကန်ပြည်ထောင်စု မြောက် ကယ်ရိုလိုင်းနားပြည်နယ်ကနေ အိမ်တစ် အိမ်ရဲ့ ဂိုဒေါင်ထဲကို သူခိုးဝင်သွားပေမဲ့ ဒိုးနတ်မုန့်ဘူးပဲ ပါသွားပါတယ်။ သူခိုးက တော့ ဝက်ဝံကြီးတစ်ကောင်ဖြစ်ပါတယ်။ ကလေးတွေ ဂိုဒေါင်ထဲမှာထားခဲ့တဲ့ ဒိုးနတ် မုန့်ကို ယူစားနေတဲ့ ဝက်ဝံကြီးကို မိခင် ဖြစ်သူက ဗီဒီယိုရိုက်ကူးလိုက်နိုင်ခဲ့ပါတယ်။ တံခါးဖွင့်ထားမိတဲ့ ဂိုဒေါင်ထဲဒိုးကနတ်မုန့် ကိုယူပြီး အားပါးတရ စားနေတဲ့ ဝက်ဝံကြီး ပုံ ဗီဒီယိုကို ဟန်ဒါဆင်ဗီလီဒေသနေ အမျိုးသမီးက ရရှိခဲ့တာဖြစ်ပါတယ်။ ‘ကလေးတွေကို ဒိုးနတ်ကျွေးမယ်ဆို ရင် မထားခဲ့စေနဲ့နော်’ဆိုပြီး အဆိုပါအမျိုး သမီးက ဝက်ဝံကြီးကိုအပေါ်ကနေ ဗီဒီယို လှမ်းရိုက်နေရင်း ပြောကြားပါတယ်။ ‘ကျွန်မကလေးတွေကမုန့်ကို ဂိုဒေါင် ထဲများထားခဲ့သရှင်’လို့ အဆိုပါအမျိုးသမီး က အွန်လိုင်းပေါ်ရေးသားထားပါတယ်။ တောအုပ်ထဲမှာ စားကျက်မြေရှားပါးလာတဲ့ အခါ သားရိုင်းတိရစ္ဆာန်တွေဟာ မကြာ ခဏဆိုသလို မြို့တွေပေါ်ကို ရောက်လာ တတ်ပါတယ်။

(၃) ဖြစ်မှဖြစ်ရလေ အာ၈ျင်တီးနားအသင်းရှုံး နိမ့်လို့ တီဗီကို ဝရန်တာကနေ ပစ်ချလိုက်တော့ ကိုယ့်ပစ္စည်းပဲ ထပ်ရှုံးတာပေါ့

အာ၈ျင်တီးနားနိုင်ငံသား ဘောလုံး ပရိသတ်တစ်ဦးဟာ ပြင်သစ်က အာ၈ျင် တီးနားကို လေးဂိုးသုံးဂိုးနဲ့ အနိုင်ယူသွားခဲ့ တဲ့ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်ပွဲစဉ် အပြီးမှာ သူ့နေအိမ်မှာရှိတဲ့ တီဗွီကို ဒေါသ တကြီးနဲ့ လမ်းမထက်ဆီ ပစ်ပေါက်ချခွဲပစ် လိုက်ပါတယ်။ အာဂျင်တီးနားအသင်းပရိသတ်ဖြစ်သူ ဟာ လူနေတိုက်ရဲ့ နှစ်လွှာတိုက်ခန်းမှာ နေထိုင်သူဖြစ်ပြီး နေအိမ်တိုက်ခန်းက လမ်းမထက်ဆီ သူပစ်ပေါက်လိုက်တဲ့တီဗီ ဟာ မြေပြင်ဆီအရောက်မှာတော့ အစိတ် စိတ်အမွှာမွှာ ကွဲအက်ပျက်စီးသွားခဲ့ပါတယ်။ ပြင်သစ်နဲ့အာဂျင်တီးနားတို့ ယှဉ် ပြိုင်ကစားခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲ စဉ်ကို ဘောလုံးကွင်းထဲအထိ လိုက်ပါအား ပေးခဲ့ကြတဲ့ အာဂျင်တီးနားအသင်းအားပေး သူတွေဟာလည်း ပွဲအပြီးမှာ ထိုင်ခုံနေရာ ကနေ ချက်ချင်းမပြန်နိုင်ကြသေးဘဲ ဝမ်း နည်းပက်လက်ငိုေြွကးခဲ့ကြပါတယ်။ နည်းပြ ဆမ်ပါအိုလီနဲ့ တိုက်စစ်မှူး အဂူရိုတို့ဟာ အာဂျင်တီးနားအသင်း အရှုံးရလဒ်အတွက် ပရိသတ်တွေကို ဝန်ချတောင်းပန်လိုက်ပြီး လက်ရှိမှာ အာဂျင်တီးနားလက်ရွေးစင် အသင်းရဲ့ အနာဂတ်အတွက် အစီအမံတစ် ခုကို အလေးအနက်ထားရေးဆွဲရမယ့် အချိန် ရောက်ပြီလို့လည်း အဂူရိုက ပြောကြား သွားခဲ့ပါတယ်။

အံ့ဖွယ်သတင်းစုစည်းမှု အယ်ဒီတာ

မှုခင်းသတင်းဂျာနယ်

Leave a Reply

Your email address will not be published. Required fields are marked *

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့