CCTV မှတ်တမ်းရုပ်ပုံပါ မသင်္ကာသူတစ်ဦးနှင့် ပိုက်ဆံအိတ်အတွင်း ငွေကျပ် သိန်း(၂၀)ကျော် လုယက်မှု ဖော်ထုတ်နိုင်ခဲ့

ကချင်ပြည်နယ်၊ ဟိုပင်နယ်မြေရဲစခန်းအပိုင်အတွင်း CCTV မှတ်တမ်းရုပ်ပုံပါ အမျိုးသားလူငယ်တစ်ဦးအား ခေါ်ယူစစ်ဆေးခဲ့ရာမှ ငွေကျပ်သိန်း(၂၀)အား ဆိုင်ကယ်ဖြင့် လုယူထွက်ပြေးခဲ့သည့် ဖြစ်စဉ်တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မှုခင်းဖြစ်စဉ်မှာ ၁၀-၈-၂၀၁၉ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ဟိုပင်နယ် မြေရဲစခန်းမှ ဒုရဲအုပ် မြမြဝင်းသည် တာဝန်မှူး တာဝန်ဆောင်ရွက်နေစဉ် ပစ္စည်းအလုခံရသူ ဒေါ်ခင်ထွေး(ခ)မထွေး သည် တကွင်းကျေးရွာရှိ နေအိမ်မှ ဟိုပင် မြို့၊ မြို့မမြောက်ရပ်ကွက်ရှိ ညောင်ပင်ဈေးတွင် ခေါက်ဆွဲဖတ်ရောင်းချရန်အတွက် စူပါကပ်အဖြူရောင်ဆိုင်ကယ်ဖြင့် ထွက်ခွာလာသည်ဟုဆို၏။

ထိုသို့ထွက်ခွာလာရာတွင် ဒေါ်ခင်ထွေး၏ သားနှင့်သမီးအား ရှင်ပြုနားသ အလှူပြုလုပ်ရန်အတွက် ရွှေတိုရွှေစဝယ်ယူရန် စုဆောင်းထားရှိသည့် ငွေကျပ်သိန်း (၂၀)ခန့်နှင့်အတူ Huawei အမျိုးအစား ရွှေရောင်လက်ကိုင်ဖုန်း (၁)လုံးတို့အား တံဆိပ်မပါခရမ်းရောင် မိုးကာသား မိန်းမ ကိုင်ဘေးလွယ်အိတ် အတွင်းထည့်ပြီး ဝဲဘက်ပခုံးတွင်လွယ်ပြီး ဆိုင်ကယ်မောင်းနှင်လာခဲ့သည်ဆို၏။

ထိုသို့မောင်းနှင်လာခဲ့ရာ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဟိုပင်မြို့၊ မြသီတာရပ်ကွက်ရှိ သန်းရာဆင့် ခေါက်ဆွဲ စက်ရှေ့အရောက်တွင် ခေါက်ဆွဲယူရန်အတွက် ဆိုင်ကယ်အား ရပ်တန့်ပြီး ဒေါက်ထောက်နေစဉ် အနောက်မှကပ်ပါလာသည့် အသားဖြူ/ဆံပင်နက်/တို အမျိုးသား လူငယ်တစ်ဦးက ပခုံး၌ သိုင်းလွယ်ထားသည့် ပိုက်ဆံအိတ်အား ဆွဲလုယူပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်းကို ဟိုပင်နယ်မြေရဲစခန်းသို့ သွားရောက်အကြောင်းကြားခဲ့သည်။

ဟိုပင်နယ်မြေရဲစခန်းမှ (ခေတ္တ)စခန်းမှူး ဒုရဲအုပ် ဇော်မျိုးဦးထံ ဆက်လက် သတင်းပေးပို့ပြီး (ခေတ္တ)စခန်းမှူး၏ စီစဉ်ညွှန်ကြားမှုဖြင့် ဟိုပင်နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဆုဝေ ဦးစီး နယ်ထိန်းရဲတပ်ကြပ် ဝေဖြိုးဦး၊ ရဲဒုတပ်ကြပ် ဇော်သန်း၊ ရဲဒုတပ်ကြပ် ကီးဟုန်းလိန်း၊ ရဲတပ်သား ဇေသူလွင်၊ ရဲတပ်သား အောင်ကိုလတ်တို့သည် သက်သေများနှင့်အတူ အခင်းဖြစ်ပွားရာ အခင်းဖြစ်စဉ်က ပြစ်မှုကျူးလွန်သည့် တရားခံနောက်မှ ထက်ကြပ်မခွာလိုက်လံရှာဖွေခဲ့သည့် မျက်မြင်သက်သေ ဦးဝင်းလှိုင်၊ ဟိုပင်မြို့၊ ဇောတိကုန်းကျေးရွာနေထိုင်သူ အား မေးမြန်းရာ ပြစ်မှုကျူးလွန်သူသည် အခင်းဖြစ်ပွားသည့် သန်းရာ ဆင့်ခေါက်ဆွဲ စက်လမ်းကြားမှတစ်ဆင့် မြသီတာကျောင်းလမ်းအတိုင်း ဆိုင်ကယ်ဖြင့်မောင်းပြေးပြီး ဓမ္မသီရိလမ်းဘက်သို့ မောင်းနှင်ရာမှ မျက် ခြည်ပြတ်သွားခဲ့ပါကြောင်း မျက်မြင်သက်သေ၏ ပြောပြချက်အရ သိရှိရသဖြင့် နယ် ထိန်းတပ်ဖွဲ့ဝင်များမှ တရားခံ ထွက်ပြေးရာ လမ်းကြောင်းတစ်လျှောက်တွင် CCTV တပ်ဆင်ထားသည့် နေရာများအား စိစစ်ခဲ့ရာ အောင်သုခလမ်းမကြီးရှိ သီဟစိုး စားသောက်ဆိုင်တွင် တပ်ဆင်ထားသော CCTV မှတ်တမ်းတွင် ၁-၈-၂၀၁၉ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်၌ တီရှပ်အနီရောင်နှင့် ခဲရောင်ဘောင်းဘီတို ဝတ်ဆင်ထားသူ လူငယ်တစ်ဦးသည် ရုပ်ဆိုး ဆိုင်ကယ်အနီရောင်ဖြင့် မြဇေယျာရပ်ကွက် ရှိ အောင်သုခလမ်းမကြီးအတိုင်း သီဟစိုး စားသောက်ဆိုင်ရှေ့မှ ဖြတ်သန်းမောင်းသွားကြောင်း၊ CCTV မှတ်တမ်းရုပ်ပုံပါ တရားခံ၏ ပုံသÌာန်အား စိစစ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ တရားခံသည် ဟိုပင်နယ်မြေ ရဲစခန်းမှ (ပ)၃၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် ထောင်ဒဏ် (၃)နှစ်၊ ပြစ်ဒဏ်ချ မှတ်ခံရကာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် လွတ်မြောက်လာသူ အောင်ဖြိုးခန့်(ခ)ဂျုံးဂျုံး ပုံသÌာန်နှင့် တူညီနေကြောင်း စစ်ဆေး တွေ့ရှိရ၏။

ထို့ကြောင့် မသင်္ကာသူ အောင်ဖြိုးခန့် (ခ)ဂျုံးဂျုံးအား လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ၁၁-၈-၂၀၁၉ ရက် နံနက် ၇ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မြဇေယျာရပ်ကွက်ရှိ ၎င်း၏နေအိမ်မှတွေ့ရှိကာ ရဲစခန်းသို့ ခေါ်ယူစစ်ဆေးမေးမြန်းရာမှ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုကာ ပြစ်မှုကျူးလွန်ရာမှ ရရှိသော ခရမ်းရောင်မိန်းမကိုင် ပိုက်ဆံအိတ်ခွံကို မြဇေယျာရပ်ကွက်၊ ချောင်းသာယာတံတားပေါ်မှ ချောင်းအတွင်းသို့ လွှင့်ပစ်ခဲ့ကြောင်း၊ ငွေကျပ်သိန်း(၂၀)ခန့်နှင့် လက်ကိုင်ဖုန်းဆင်းကတ် ဝ၉-၄၂××××၊ ၂၉-၇၇×××× ဖုန်းအား စက်ပိတ်၍ ကြွတ်ကြွတ်အိတ်ခွံဖြင့် ထပ်မံထုပ်ပိုးကာ ၄င်း၏ နေအိမ်ခေါင်းရင်းအုတ်ဖိနပ်ခုံနှင့် သွပ်ခြံစည်းရိုးကြား မြေကြီးထဲတွင် ကျင်းတူးကာ မြှုပ်နှံသိုဝှက်သိမ်းဆည်းထားကြောင်း ထွက်ဆိုလာသဖြင့် ၄င်း၏ ထွက်ဆိုချက် အရ ၁၁-၈-၂၀၁၉ ရက် နံနက် ၈ နာရီ ၁၀ မိနစ်အချိန် ခေတ္တစခန်းမှူး ဒုရဲအုပ် ဇော်မျိုးဦး ဦးစီး နယ်ထိန်းရဲတပ်ဖွဲ့များသည် သက်သေ မြဇေယျာရပ်ကွက် အုပ်ချုပ်ရေး မှူး ဦးမျိုးအောင်၊ မြဇေယျာရပ်ကွက်၊ ရပ်မိ/ရပ်ဖ ဦးလှမင်းနှင့်အတူ အောင်ဖြိုး ခန့်(ခ)ဂျုံးဂျုံးအား ခေါ်ဆောင်၍ ဟိုပင်မြို့၊ မြဇေယျာရပ်ကွက်အတွင်းရှိ ၄င်း၏နေအိမ် ခေါင်းရင်းဘုရားစင်အောက် အုတ်ဖိနပ်ခုံနှင့် သွပ်ကာခြံစည်းရိုးကြား မြေပြင်ရှိ မြေပြင်တစ်နေရာအား သက်သေများနှင့်အတူ တူးဖော်ရှာဖွေရာ စုစုပေါင်းငွေကျပ်(၂,၀၃၀,ဝဝဝ)ကို အဖြူရောင်ြွကပ်ြွကပ်အိတ်ဖြင့် ထုပ်လျက် ဝ၉-၄၂××××၊ ဝ၉-၇၇×××× ဆင်းကတ်များ ထည့်သွင်းအသုံးပြုထား သည့် Huawei အမျိုးအစား၊ ရွှေရောင် လက်ကိုင်ဖုန်း (၁)လုံးတို့အားလည်းကောင်း၊ ၄င်း၏နေအိမ်အိပ်ခန်းအတွင်းမှ အခင်းဖြစ် စဉ်၌ဝတ်ဆင်ထားသည့် အနီရောင်တီရှပ် အင်္ကျီ(၁)ထည်နှင့် ခဲရောင်ဆွဲသားဘောင်း ဘီတို (၁)ထည်တို့အားလည်းကောင်း၊ ရှာဖွေတွေ့ရှိသဖြင့် အမှုစစ် ဒုရဲအုပ် ဆုဝေ မှ သက်သေများရှေ့ ရှာဖွေပုံစံရေးသွင်း သိမ်းဆည်းခဲ့ကြပြီး ပြစ်မှုကျူးလွန်သူ အောင်ဖြိုးခန့်(ခ)ဂျုံးဂျုံးက ၄င်းပြစ်မှုကျူးလွန်ခဲ့ခြင်းများကို ပြန်လည်သရုပ်ပြပေးသဖြင့် ရဲတပ်ဖွဲ့မှ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီး ၁၁-၈-၂၀၁၉ ရက် ညနေ ၆ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် အမှုဖြင့် ဖမ်းဆီးထားပြီး ချုပ်ရမန်တောင်းခံခြင်း၊ ဖြောင့်ချက်ရယူ ခြင်း၊ အခင်းဖြစ်စဉ်က ပစ်ခဲ့သည့် ခရမ်း ရောင်မိန်းမကိုင်ပိုက်ဆံအိတ်နှင့် သက်သေခံဆိုင်ကယ်တို့အား ရဲလုပ်ထုံးလုပ်နည်းနှင့် အညီ ပြီးပြည့်စုံအောင် ခိုင်မာစွာတည်ဆောက်၍ အမှုမှ အောင်ဖြိုးခန့်(ခ)ဂျုံးဂျုံး (၂၃)နှစ်၊ မြဇေယျာရပ်ကွက်၊ ဟိုပင်မြို့၊ မိုးညှင်းမြို့နယ်နေသူအား ၄င်းအမှုနှင့် ပတ်သက်၍ ဒေါ်ခင်ထွေးမေ(ခ)မထွေး၊ ဟိုပင်မြို့၊ တကွင်းကျေးရွာအုပ်စု၊ ရပ်ကွက်(၉)နေ ထိုင်သူမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သ ဖြင့် ဟိုပင်နယ်မြေရဲစခန်းမှ (ပ)၃၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရ အမှုဖွင့် အရေးယူထားပြီး အမှုစစ်အဖြစ် ဒုရဲအုပ် ဆုဝေမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဖိုးသား(ဟိုပင်)

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့