ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူရဲ့ မိသားစုကို အစိုးရ စောင့်ရှောက်မည်

မကွေးတိုင်း ပြည်သူတွေနဲ့ ဗီဒီယိုက တဆင့်ဆွေးနွေးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာပါ။

ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြည်မြို့ ဆေးရုံကြီးမှာ ဗုဒ္ဓဟူးနေ့က သေဆုံးသွားတဲ့ အမျိုးသားတဦး ရဲ့ ကျန်ရစ်သူ မိသားစုကို နိုင်ငံတော်က ကြည့်ရှုစောင့်ရှောက်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ မကွေးတိုင်း ပြည်သူတွေနဲ့ ဗီဒီယိုက တဆင့်ဆွေးနွေးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာပါ။

သေဆုံးသွားသူရဲ့ ဇနီး၊ သားသမီး ၂ ယောက်နဲ့ တူမလည်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပါတယ်။ အဲဒီကလေး ၃ ယောက်ကို မနေ့ညက ဝေဘာဂီဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

Credit – RFA Burmese

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့