ရှစ်တန်းကျောင်းသား ဓာတ်လိုက်သေဆုံးမှု လျှပ်စစ်ဝန်ကြီးဌာနကို တရားစွဲမည်ဟု ရှေ့နေဦးဖိုးဖြူ ဆို

ဓာတ်ကြိုးပြတ်ကျမှု ကြောင့် အဋ္ဌမတန်းကျောင်းသား ဓာတ်လိုက်သေဆုံးမှုနှင့် ပတ် သက်ပြီး တာဝန်ခံမှု၊ တာဝန်ပျက် ကွက်မှုရှိခဲ့သော သက်ဆိုင်ရာ လျှပ်စစ်ဝန်ကြီးဌာနအပေါ် ဥပဒေ ကြောင်းအရ တရားစွဲဆိုမည်ဖြစ်ကြောင်း ဖိုးဖြူနှင့် ရောင်းရင်းများ ဥပဒေအတိုင်ပင်ခံလုပ်ငန်းအဖွဲ့မှ အထက်တန်းရှေ့နေ ဦးဖိုးဖြူက ပြောကြားသည်။

လျှပ်စစ်ဓာတ်ကြိုးများကို စီမံခန့်ခွဲမှု၊ ကြိုတင်ပြင်ဆင်မှုအ ပိုင်းများ ပျက်ကွက်ခဲ့သော လျှပ် စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီးဌာနတို့အပေါ် ဥပဒေကြောင်းအရ တရားစွဲဆို ရန် ကြိုးပမ်းနေကြောင်း ၎င်းက ပြောသည်။

‘‘သက်ဆိုင်ရာအာဏာပိုင် တွေဘက်က ပျက်ကွက်တဲ့အပေါ် မှာ ဒါဟာ ဥပဒေရှုထောင့်အရ တော့ ပျက်ကွက်မှုတစ်ခုလို့ ကျွန် တော်တို့ မြင်တယ်။ တာဝန်ပျက် ကွက်မှုတစ်ခု၊ နောက်နောင် ပြည် သူ၊ ပြည်သားတွေ၊ အနာဂတ်သားသမီးတွေ သေရတဲ့အဆင့်မျိုးမဖြစ်အောင် တာဝန်ယူမှု၊ တာဝန်ခံမှုတစ်ရပ်ကို ပြတ်ပြတ်သားသား ဖြစ်နိုင်ဖို့ အခုလို ဥပဒေကြောင်း အရ ကြိုးစားနေတာပါ’’ဟု ဦးဖိုး ဖြူက ဆက်လက်ပြောသည်။

ယခုဖြစ်စဉ်၌ သက်ဆိုင်ရာ ဝန်ကြီးဌာနအပေါ် တရားစွဲဆိုပါက ဓာတ်ကြိုးပြတ်ကျမှုကြောင့် တရားစွဲဆိုခြင်း ပထမဆုံးအကြိမ် ပေါ်ပေါက်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဓာတ်လိုက် မှုကြောင့် သေဆုံးမှုအတွက် တရားစွဲဆိုမှု ထုံးသာဓကထွက် ပေါ်မလာခြင်းသာဖြစ်ပြီး ဖွဲ့စည်း ပုံအခြေခံဥပဒေ၌ တရားဥပဒေစိုးမိုးရေးနိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု လမ်းဖွင့်ပေးထားကြောင်း ဦးဖိုးဖြူက ပြောသည်။

ထို့ကြောင့် ယခုဖြစ်စဉ်အ တွက် တိုက်ရိုက်နစ်နာသူ ကာယ ကံရှင်မဟုတ်သော်လည်း တရား ဥပဒေစိုးမိုးမှု၊ ပြည်သူများအပေါ် ခြိမ်းခြောက်မှု၊ လူ့အခွင့်အရေးအ တွက်ဖြစ်ပါက ပြည်သူများအနေ ဖြင့် နိုင်ငံသားအခွင့်အရေးအနေ ဖြင့် တရားစွဲဆိုခွင့်ရှိကြောင်း ၎င်း က ပြောသည်။

‘‘ဒီကိစ္စက တာဝန်ခံမှု၊ တာဝန်ယူမှု ကင်းမဲ့နေတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနက တာဝန်ယူမှု ကင်းမဲ့နေတဲ့အတွက် ကျွန်တော်တို့က တရားစွဲမှာ။ နိုင်ခြင်း၊ မနိုင်ခြင်းက အဓိကမကျပါဘူး။ ဒါပေမဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ပတ်သက်ပြီး ပထမဆုံးအနေနဲ့ ပြည်သူ့ရှေ့မှောက်ကို ချပြမှာ။ ဒါပါပဲ’’ဟု ဖိုးဖြူနှင့်ရောင်းရင်းများ ဥပဒေအတိုင်ပင်ခံလုပ်ငန်းအဖွဲ့မှ ကိုစိုးသက်ဟန်က ပြောသည်။

အသက် (၁၃)နှစ်အရွယ် အဋ္ဌမတန်းကျောင်းသား မောင်မျိုးမင်းထွန်းသည် ဇူလိုင် ၁၃ ရက်က တောင်ဥက္ကလာပမြို့နယ် သံသု မာလမ်းမပေါ်တွင် မွန်းလွဲ ၃ နာရီခွဲ၌ လေပြင်းတိုက်၍ ရေအိုင်အတွင်း ပြတ်ကျနေသော လျှပ် စစ်ဓာတ်ကြိုးတက်နင်းမိ၍ ဓာတ်လိုက်သေဆုံးခဲ့သည်။

ဓာတ်လိုက်သေဆုံးသည့် ရှစ်တန်းကျောင်းသား၏ နေအိမ် သို့ ရန်ကုန်တိုင်းဒေသကြီး လျှပ် စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာ ကျော် သွားရောက်ပြီး မိသားစုဝင် များ တောင်းဆိုသည့်အတိုင်း လိုက်လျောဆောင်ရွက်မည်ဟု ပြောကြားကြောင်း တောင်ဥက္က လာပမြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဒေါ်သစ် သစ်မြင့်က ပြောကြားသည်။

CREDIT – By ငြိမ်းချမ်း

7 Day Daily News

Leave a Reply

Your email address will not be published. Required fields are marked *

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့