ဖေ့စ်ဘွတ်ခ်အကောင့်ဟက်၍ ခြိမ်းခြောက်ငွေတောင်းသည့် နဝမတန်းကျောင်းသားနှစ်ဦးကို အမှုဖွင့်ခံလိုက်ရပီ

မန္တလေးမြို့နေ အမျိုး သမီးတစ်ဦး၏ ဖေ့စ်ဘွတ်ခ်အ ကောင့်ကိုဟက်၍ ခြိမ်းခြောက် ငွေတောင်းသည့် နဝမတန်း ကျောင်းသားနှစ်ဦးကို အမှုဖွင့် ထားကြောင်း ပြည်ကြီးတံခွန်မြို့ မရဲစခန်းမှူးဒုရဲမှူးသိန်းလွင်က ပြောသည်။

မဟာအောင်မြေမြို့နယ် တွင်အမျိုးသမီးတစ်ဦး၏ ဖေ့စ် ဘွတ်ခ်အကောင့်ကို ဟက်၍ အကောင့်ပြန်လည် ရယူလိုပါက ကျပ်တစ်သိန်း ပေးရမည်ဖြစ် ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့ပြီး နောက် ညှိနှိုင်းချက်အရကျပ်ငါး သောင်းနှင့် ငွေဖြည့်ကတ် ငါးထောင်တန်တစ်ခုပေးရန် သဘောတူကာ အကောင့်ပြန်လည် ရရှိခဲ့သည်ဟု ၎င်းကဆိုသည်။ ခြိမ်းခြောက်ငွေတောင်း သူက ဖုန်းနံပါတ်တစ်ခုပေးကာ Wave Moneyဖြင့် ငွေလွှဲပေးရန် ပြောဆို၍ ဇူလိုင် ၁၅ ရက်တွင် ငွေလွှဲပေးခဲ့သည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

ထို့နောက် Wave Money ဖြင့်ငွေထုတ်ယူသည့်ဆိုင်ကို စုံ စမ်းရာ ဇူလိုင် ၁၆ ရက်တွင် ပြည် ကြီးတံခွန်မြို့နယ် သင်ပန်းကုန်း ရပ်ကွက်ရှိ Wave Money ဆိုင်မှ ထုတ်ယူသွားသည်ကို သိရှိ၍ ဖေ့စ်ဘွတ်ခ်အကောင့်ဟက်ခံရ သည့်အမျိုးသမီးက သူငယ်ချင်း နှင့် အတူဆိုင်ရှိ CCTV မှတ်တမ်း ကို ကြည့်ရှုခဲ့ရာ ငွေထုတ်ယူသူမှာ လူငယ်နှစ်ဦးဖြစ်နေသည်။

အဆိုပါ လူငယ်နှစ်ဦးသည် ငွေထုတ်ယူခဲ့သည့် ဆိုင်သို့ပြန် လည်လာရောက်ချိန်တွင် ခြိမ်း ခြောက်ငွေတောင်းခံရသည့် အ မျိုးသမီးနှင့် ထိပ်တိုက်တွေ့၍ မေးမြန်းခဲ့ရာ ငွေထုတ်ယူသည်မှာ မှန်ကန်ကြောင်း ဝန်ခံခဲ့သဖြင့် ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ဖော်ပြထားသည်။

‘‘ကောင်လေးတွေကလည်း ငယ်သေးပါတယ်။ သူတို့က အ ကောင့်ဟက်ပြီး ပိုက်ဆံတောင်း တာ။ လုပ်တဲ့ကလေးတွေက သိပ် ပြီးနားလည်တဲ့ ပုံစံတွေမဟုတ်ပါ ဘူး။ ကောင်မလေးက ဒါကိုပါး ပါးနပ်နပ်နဲ့လုပ်နိုင်တာပေါ့။ သူ တို့ကို ဖမ်းပြီးအာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်တဲ့အတွက် အာမခံပေး ထားပါတယ်’’ ဟု ဒုရဲမှူးသိန်း လွင်ကပြောသည်။

ကျူးလွန်ခဲ့သည့် လူငယ်နှစ် ဦးသည် အသက် (၁၉) နှစ်နှင့် (၁၅) နှစ်အရွယ်များဖြစ်ပြီး နဝမ တန်း ကျောင်းသားများဖြစ်ကာ ပြည်ကြီးတံခွန်မြို့နယ်တွင် နေ ထိုင်သူများဖြစ်သည်။

ငွေခြိမ်းခြောက်တောင်း ခံရ သူ အမျိုးသမီးက တရားလိုလုပ်၍ ၎င်းတို့နှစ်ဦးကို ပြည်ကြီးတံခွန် မြို့မရဲစခန်းတွင်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်အမှု ဖွင့်ထားသည်။


Credit- 7Day

Leave a Reply

Your email address will not be published. Required fields are marked *

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့