၁၅ မိနစ်တိုင်း အိန္ဒိယမှာ အမျိုးသမီးတစ်ဦး လိင်ပိုင်းအနိုင်ကျင့်ခံနေရကြောင်း အစိုးရစာရင်းအင်းဖော်ပြ

ဇန်နဝါရီ ၁၀ ရက်က သိရသည်မှာ အိန္ဒိယ၌ ၂၀၁၈ ခုနှစ်အတွင်း ၁၅ မိနစ်တိုင်း အမျိုးသမီးတစ်ဦး လိင်ပိုင်းအနိုင်ကျင့် ခံနေရကြောင်း အမျိုးသမီးများ၏ တိုင်ကြားချက်ပေါ်မူတည်ပြီး သိရှိရသည်ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည့်စာရင်းအင်းများအရ သိရသည်။

၂၀၁၂ ခုနှစ်တွင် ဒေလီရှိ ဘတ်စ် ကားတစ်စီးပေါ်၌ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ လိင်ပိုင်းအနိုင်ကျင့်ပြီး သေဆုံးစေ ခဲ့မှုဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ဆန့် ကျင်ဆန္ဒပြသူများ ဖြစ်ပွားခဲ့ကာ အကျိုး ဆက်အဖြစ် အစိုးရသည် လငိပိုင်းအနိုင် ကျင့်သူများအပေါ် ကြီးလေးသော ပြစ်ဒဏ် များချမှတ်ရန် ဥပဒေများပြုပြင်ပြောင်းလဲခဲ့ ပြီး မြန်မြန်ဆန်ဆန် ရုံးတင်စစ်ဆေးမှုများ ပြုလုပ်ရန် ညွှန်ကြားမှုများပြုလုပ်ခဲ့သည်။ သို့သော် လိင်ပိုင်းအနိုင်ကျင့်မှုများမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင်း လိင်ပိုင်းအနိုင် ကျင့်မှု ၃၄၀ဝ၀ ခန့်ဖြစ်ပွားခဲ့ကြောင်း အမျိုးသမီးများ၏ တိုင်ကြားမှုများအရ သိရှိ ရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းအင်းများတွင် ဖော်ပြထားသည်။ ယင်းတိုင်ကြားမှုအနက် ၈၅ ရာခိုင်နှုန်း၌ တရားစွဲမှုရှိခဲ့ပြီး ၂၇ ရာခိုင်နှုန်းသာ ကျူး လွန်သူကို အပြစ်ပေးနိုင်ခဲ့သည်။

အမျိုးသမီးများအပေါ် ကျူးလွန်သည့် အမှုများကို အလေးအနက်ထားလေ့မရှိ သလို ရဲတပ်ဖွဲ့ဝင်များကလည်း အမှန် တရားပေါ်ထွက်လာရေး စုံစမ်းစစ်ဆေးလို ခြင်း မရှိကြောင်း အမျိုးသမီးအခွင့်အရေး အဖွဲ့များက ပြောဆိုခဲ့သည်။
အိန္ဒိယကို အမျိုးသားများ အုပ်ချုပ် နေပြီး အိန္ဒိယသက်တမ်းတစ်လျှောက် အမျိုးသမီးဝန်ကြီးချုပ်အဖြစ် အင်ဒီရာဂန္ဓီ တစ်ဦးသာရှိခဲ့ကာ တရားသူကြီးအများစု သည်လည်း အမျိုးသားများဖြစ်ကြကြောင်း အမျိုးသမီးရေးရာ ကော်မရှင်၏ အကြီးအ ကဲဟောင်း လာလီသာကူးမားရာမန်ဂါလမ် က ပြောဆိုခဲ့သည်။

နိုင်ငံအတွင်း မှုခင်းဆေးပညာဆိုင်ရာ စစ်ဆေးသည့်နေရာ နည်းပါးနေပြီး အချိန် တိုအတွင်း စစ်ဆေးပေးသည့် တရားရုံးများ တွင်လည်း တရားသူကြီး နည်းပါးနေဆဲဖြစ် ကြောင်း ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ၏ ဗရာတီ ယဇာနတပါတ (ဘီဂျေပီ)အမတ် ကူးမား ရာမန်ဂါလမ်က ပြောဆိုခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ဆယ်ကျော်သက် တစ်ဦးက ဘီဂျေပီမှ ပြည်နယ်လွှတ်တော် အမတ်ဟောင်း ကူဒိဆင်းဆန်ဂါသည် ゞင်း ကို လိင်ပိုင်းအနိုင်ကျင့်ခဲ့ကြောင်း စွပ်စွဲခဲ့ပြီး ယင်းနောက် တစ်နှစ်အကြာတွင် ရဲတပ်ဖွဲ့ က စုံစမ်းစစ်ဆေးမှုမပြုသောကြောင့် ကိုယ့် ကိုယ်ကိုယ်သတ်သေရန် ကြိုးပမ်းခဲ့ပြီး နောက် နိုင်ငံအတွင်း လိင်ပိုင်းအနိုင်ကျင့် နေသူများလွတ်မြောက်ချင်တိုင်း လွတ် မြောက်ခွင့်ရနေမှုနှင့်ပတ်သက်၍ လူပြော သူပြောများလာခဲ့သည်။
ဆန်ဂါကို ပြစ်ဒဏ်ချမှတ်ခဲ့သည့် ယမန်နှစ် ဒီဇင်ဘာလမတိုင်မီ ငါးလအလို တွင် ဆယ်ကျော်သက်နှင့် ၄င်းမိသားစုလိုက် ပါသော မော်တော်ယာဉ်တစ်စီးက ဝင်တိုက်ခဲ့ပြီးနောက် မိသားစုအတွက် ရဲအစောင့်ထားပေးခဲ့သည်ဟု အေပီသတင်းအရ သိရသည်။

မှုခင်းသတင်းဂျာနယ်

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့