Crime Logo

Crime Logo

အိမ်ရှင်များ အိပ်ပျော်နေချိန် ခြင်ထောင်ကိုဓားနဲ့ခွဲပြီး ခြင်ထောင်အတွင်းထားရှိသော လက်ဝတ်ရတနာများခိုးယူခံရမှု

လှိုင်သာယာမြို့နယ်တွင်းရှိ ရပ်ကွက်တစ်ခုတွင် နေအိမ်အတွင်းသို့ ဝင်ရောက်၍ ငွေနှင့်လက်ဝတ်ရတနာများအား နေအိမ်အတွင်းတပ်ဆင်ထားသော CCTV ကင်မရာမှတ်တမ်းများအရ ခိုးယူသွားသည်ကို ဖော်ထုတ်အရေးယူပေးရန် တိုင်တန်းမှု ဖြစ်ပွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၃ ရက် နံနက် ၁ နာရီခွဲအချိန်တွင် တရားလို ဒေါ်ခင်စိုးမိုး၊ မန္တလေးလမ်း၊ အမှတ်(၁၄)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်သည် သမီးဖြစ်သူနှင့်အတူ နေအိမ်အောက်ထပ်ရှိ ဘုရားခန်းတွင် အိပ်ရာဝင်ရောက်စဉ် တရားလိုပိုင် ငွေကျပ် (၃၅၀ဝဝဝ)နှင့်အတူ လက်ဝတ်ရတနာများ စုစုပေါင်းတန်ဖိုးငွေကျပ်(၆၀ဝဝဝ၀ဝ)များ ထည့်ထားသည့် အနီရောင်ရှုံ့အိတ်အား အသားရောင်ပိုက်ဆံအိတ်အတွင်းထည့်၍ ခြင်ထောင်အတွင်းထည့်ပြီး အိပ်ရာဝင်ခဲ့ကြသည်။ နောက်တစ်နေ့ နံနက် ၈ နာရီအချိန်တွင် ပိုက်ဆံအိတ်မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိရပြီး နေအိမ်တွင်တပ်ဆင်ထားသော CCTV ကင်မရာမှတ်တမ်းများအရ ပုဆိုးခြုံထားသည့် အမည်မသိအမျိုးသားတစ်ဦးမှ ခြင်ထောင်အားဓားဖြင့်ခွဲ၍ ပိုက်ဆံအိတ်အားယူဆောင်ခိုးယူသွားသည်ကို တွေ့ရှိရ၍ စုံစမ်းဖော်ထုတ်အရေးယူပေးရန် တိုင်တန်းခဲ့သည်။

အဆိုပါတိုင်ကြားမှုအား (ပ)၂၈၇/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်၍ အမှုစစ်နယ်ထိန်းအရာရှိ ရဲအုပ်လှရွှေက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နေရင်သင်း(လှိုင်သာယာ)

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့