စက်ရုံအတွင်း သိမ်းဆည်းထားသော လစာငွေ သိန်း ၁၂၀၀ ကျော် ခိုးယူသွားသူများအား ဖမ်းဆီးရမိ

စက်ရုံဒုတိယထပ် လစာငွေထား သော အခန်းမှ အသင့်ထုတ်ထားသည့် ငွေ (၁၂၉၅၉၆ဝ၅ဝိ/)ကျပ်အား

မတ်လ ( ၅ )ရက်

၃၁-၁၂-၂၀၁၉ ရက်နေ့ ညနေ(၃)နာရီအချိန်ခန့် သာယာဝတီမြို့၊ “ဟွာရှိန်”အထည်ချုပ်စက်ရုံမှ ငွေစာရင်းကိုင် ဒေါ်နီချူးမိန် ၄၁ နှစ်သည် အလုပ်သမားတစ်ဦးချင်းစီ၏ လစာငွေများအား စာအိတ်(၁) အိတ်ချင်းစီထည့်၍ စာအိတ်များအား ဌာနစိတ်လိုက်တစ်ထုတ်စီခွဲ၍ ရုံးခန်းအတွင်း ပထမဗီဒိုတွင် (၁၅)ထုတ်၊ ဒုတိယဗီဒိုတွင် (၁၈)ထုတ်ထည့်ထားခဲ့ပါသည်။

၁-၁-၂၀၂၀ ရက်နေ့ နံနက်(၈)နာရီအချိန် တွင် ဒေါ်နီချူးမိန်မှ ရုံးခန်းသို့ရောက်ရှိစဉ် ရုံးခန်းတံခါးပွင့်နေသဖြင့် အတွင်းသို့ဝင်ကြည့်ရာ ငွေများ ထည့်ထားသည့် ပထမဗီဒိုမှာပွင့်နေ၍ အထွေထွေမန်နေဂျာအားပြောပြပြီး ငွေထုတ်များအား စစ်ဆေးကြည့်ရာ ငွေစုစုပေါင်း (၁၂၉,၅၉၆,ဝ၅ဝိ/) (တစ်ထောင့်နှစ်ရာကိုးဆယ့်ကိုးသိန်း ကိုးသောင်းခြောက်ထောင် ငါးဆယ်ကျပ်) ပျောက်ဆုံးနေသည်ကို တွေ့ရှိရသောကြောင့် ငွေထည့်အိတ်များကို ခိုးယူသွားသူအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် ဒေါ်နီချူးမိန်မှ တိုင်တန်းသဖြင့် သာယာဝတီမြို့မရဲစခန်း (ပ)၈/ ၂ဝ၂ဝ၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇ ဖြင့် အမှုဖွင့်ထားရှိခဲ့ပါသည်။

ဖြစ်စဉ်နှင့်ပတ်သတ်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင် ရဲတပ်ဖွဲ့ မှူးဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်နေစဉ် ၄-၃-၂၀၂၀ ရက်နေ့ နံနက်(၁၀)နာရီခွဲအချိန်တွင် အဆိုပါစက်ရုံ၌ အလုပ်ဆင်းလျှက်ရှိသည့် မသင်္ကာသူ သန့်ဇင်(ခ)ငယ်ကြီးအား စစ်မေးရာ ၃၁-၁၂-၂၀၁၉ ရက်နေ့ ညက စက်ရုံဒုတိယထပ် လစာငွေထား သော အခန်းမှ အသင့်ထုတ်ထားသည့် ငွေ (၁၂၉၅၉၆ဝ၅ဝိ/)ကျပ်အား မိုးသူ(ခ)ထွန်းလင်းသူ (၂ဝ)နှစ်၊ ချမ်းသာကုန်းကျေးရွာ၊ သက်ဦးနိုင် (၂၇)နှစ် သဲဖြူကျေးရွာ၊ ဖြိုးလေး (၁၈)နှစ် သဲဖြူးကျေးရွာနေသူတို့နှင့်အတူ ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသောအဖွဲ့သည် သက်သေများနှင့်အတူ သန့်ဇင်(ခ)ငယ်ကြီး၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ပျောက်ဆုံးငွေထဲမှ ငွေကျပ် ( ၁၈ဝ၉၁၁၅ဝိ/-)အား ပီနံအိပ်အပြာဖြင့်ထည့်လျှက် ငွေများအား အထုပ်မပျက် ပြန်လည်တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။ သာယာဝတီခရိုင် မှုခင်းနှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ် နေဝင်းဦး ဦးစီးသောအဖွဲ့မှ သက်ဦးနိုင် နှင့် ဖြိုးလေး တို့နေအိမ်များသို့ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ရာ ဖြိုးလေး၏ နေအိမ်မှ ငွေသား(၄၂၆၃ဝဝိ/-) ကျပ်နှင့် လက်ကိုင်ဖုန်းတစ်လုံးအား လည်းကောင်း၊ သက်ဦးနိုင် နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စုစုပေါင်းငွေစက္ကူရောရာ (၂ဝ၄)သိန်း၊ ရွှေထည်မျိုးစုံ (၁၃)မျိုး၊ ၁၅ ပဲရည်၊ အလေးချိန်(၄)ကျပ်သားခန့် တန်ဖိုးငွေ သိန်း(၄ဝ)ကျပ်တို့အား လည်ကောင်း၊ မိုးသူ၏ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ လက်ကိုင်ဖုန်းတစ်လုံး၊ Honda NCX 110 နီ/နက်ရောင် ဆိုင်ကယ်(၁)စီးနှင့် နေအိမ်လှေကားခြေရင်းတွင်မြှုပ်နှံထားသော အဖြူရောင်ဆာလာ အိတ်အတွင်း၌ စုစုပေါင်းငွေစက္ကူရောရာ (၁၈ဝ၅၈ဝဝဝိ/-)ကျပ်တို့အားလည်ကောင်း ရှာဖွေ တွေ့ရှိသိမ်း ဆည်းရမိခဲ့ပြီး အဆိုပါတရားခံများအား ဥပဒေနှင့်အညီ တရားစွဲတင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါသည်။

Bago Regional Police Force

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့