အကယ်ဒမီ မိုးဒီက သူ့မုန့်ဟင်းခါးကို တာရှည်ခံဆေးသုံးတယ်ပြောလို့ စိတ်မကောင်းဖြစ်နေ

အကယ်ဒမီ မိုးဒီက သူ့ကို မဟုတ်မမှန် လုပ်ကြံပြီး Facebook မှာ မုန့်ဟင်းခါးကို တာရှည်ခံဆေးသုံးတယ်ပြောလို့ စိတ်မကောင်းဖြစ်နေပြီး ဘယ်သူပြောတာလဲတဲ့

ပြည်သူ့အချစ်တော် မိုးဒီတစ်ယောက် ကားရိုက်ကျဲသွားလို့ သူ့မိသားစု စားဝတ်နေရေးအတွက် မိုးဒီဒဏ်ကြေဆေးနဲ့ မန်အောင်နှလုံးဆေးတို့ကို ထုတ်လုပ်ရောင်းချရာမှ ခုတစ်ခါ မုန့်ဟင်းခါးခြောက်ပြုလုပ်ရောင်းချရာမှ ခုလို စိတ်မကောင်းစရာ ပေါ် လာခဲ့ကြောင်း သိရ၏။

၄င်းသည် ဇာတ်ကားရိုက်ကူးမှု ကျဲသွားပြီး ၄င်းလုပ်ကိုင်နေသည့် အကယ်ဒမီ မု့န်ဟင်းခါးခြောက်လုပ်ငန်းနှင့်ပတ်သက်ပြီး Facebook တွင် မဟုတ်မမှန် ဖော်ပြခံရသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောပြသည်။

“ဘဘတို့ အနုပညာသမားတွေက အမြဲတမ်း အလုပ်တွေကောင်းမနေနိုင်ဘူးလေ။ အသက်အရွယ်အရလည်းကောင်း၊ အခု ဘဘက ကားရိုက်ကျဲသွားတယ်။ Daily ကြေးနဲ့ဖြစ်ဖြစ် ကားတွေတော့ ဆက်ရိုက်ချင်သေးတယ်။ ဒါပေမဲ့ အလုပ်က နည်းသွားတယ်။ အဖေခန်း၊ အဘိုးခန်းလောက်ပဲ ရှိတော့တယ်။ ကားရိုက်ကျဲချိန်မှာ နိုင်ငံခြားကို မုန့်ဟင်းခါးခြောက်ပို့နေတဲ့ ပုဂ္ဂိုလ်တစ်ဦးက သူ့ရဲ့နည်းပညာလေးပေးတယ်။ သူ့ဆီက နည်းပညာယူပြီးတော့ မုန့်ဟင်းခါး ခြောက်မုန့်လုပ်ကြည့်ပြီး ကိုယ်တိုင်စားကြည့်တယ်။ အဆင်ပြေတော့ တစ်စုံတစ်ယောက်က အွန်လိုင်းကနေ ဒါကဈေးကြီးတယ်။ တာရှည်ခံဆေးတွေ သုံးမှာပေါ့လို့ Facebook မှာ တင်လိုက်တယ်။ ပရိသတ်က ချစ်လို့ ထမင်းကျွေးခဲ့ တယ်။ ပရိသတ်က နာမည်ပေးခဲ့တယ်။ ပရိသတ်ကြောင့် အကယ်ဒမီရခဲ့တယ်။ ပျောက်ကွယ်သွားအောင် နာမည်ပျက် မခံနိုင်ပါဘူး။ ပရိသတ်ကို စော်ကားတဲ့အလုပ်မျိုး ဘဘ မလုပ်ပါဘူး။ ဘဘလုပ်တဲ့ မုန့်ဟင်းခါးခြောက် လုပ်ငန်းကို သေချာစစ်ဆေး ဓာတ်ခွဲပြီးမှ လုပ်ငန်းကို လုပ်တာပါ။ တချို့က ရေးချင်တာရေး၊ ပြောချင်တာပြောတဲ့သူတွေအတွက် စိတ်မကောင်းပါဘူး”ဟု မိုးဒီ က ပြောသည်။

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့