အသက်(၁၅)နှစ်အရွယ် မိန်းကလေးကို သားမယားပြုကျင့်သူကိုအရေးယူ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ အိမ်ခြေ(၂၀)ကျေးရွာနေ အသက် ၁၅ နှစ်အရွယ်မိန်းကလေးကို တစ်ရပ်တည်းနေသူက ဇူလိုင်(၅)ရက်နေ့ နံနက်(၈)နာရီအချိန် တောထဲသို့ခေါ်ဆောင်ထွက်ပြေးသွားစဉ် မိဘအုပ်ထိန်းသူများနှင့်ရွာခံများလိုက်လံရှာဖွေခဲ့ရပြီး သားမယားအဖြစ်ပြုကျင့်ခံရကြောင်းသိရှိရ၍ ဆွာနယ်မြေရဲစခန်း အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ အိမ်ခြေ(၂၀)ကျေးရွာနေ ဒေါ်ခင်ရွှေသည် နေအိမ်တွင်ရှိနေစဉ် တစ်ရွာတည်းနေ မတူးမာ ရောက်ရှိလာခဲ့ ပြီး သမီးဖြစ်သူ မ—–(၁၅)နှစ်အား တစ်ရပ်တည်းနေ ကျော်ဝင်း(၆၃)နှစ် ဆိုသူမှ တောထဲသို့ခေါ်ဆောင် သွားကြောင်းလာရောက်ပြောပြသဖြင့် ဆွေမျိုးသားချင်းများနျင့်အတူလိုက်လံရှာဖွေခဲ့ရာ ယင်းနေ့ည ၁၀ နာရီအချိန်ခန့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၁၇၄/၃ အနီးတွင်ပြန်လည်တွေ့ရှိခဲ့ရသည်။ မိခင်ဖြစ်သူက သမီးဖြစ်သူအားအကျိုးအကြောင်းမေးမြန်းခဲ့ရာ လွန်ခဲ့သောတစ်လခန့်က ကျော်ဝင်း မှ သားမယားအဖြစ်တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ ခိုးရာလိုက်ခဲ့ဘို့ခေါ်သဖြင့်လိုက်ပါသွားခဲ့ခြင်းဖြစ်ပြီး မိဘများ အုပ်ထိန်းမှုအောက်ရှိရမည်အရွယ်ဖြစ်ခြင်း၊ သားမယားအဖြစ်ပြုကျင့်ခြင်းခံရသည့်အတွက် အမှုဖွင့်အရေး ယူပေးပါရန် တိုင်တန်းခဲ့၍ ဆွာနေမြေရဲစခန်းက (ပ)၉၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ကိုလွင်(ဆွာ)

Leave a Reply

Your email address will not be published. Required fields are marked *

အသစ်တင်သမျှ သင့်မေးလ်ထဲပို့ပေးဖို့